ဘုရားသခင်အသစ်
ဘုရားသခင်ဟာ ဘုရားသခင် အသစ်ကို ဖန်ဆင်းလိုက်တယ်။ သွက်လက်တက်ကြွနေတဲ့
ဘုရားသခင်အသစ်ဟာ နေရာအနှံ့ လျှောက်သွားပြီး ချစ်ခြင်းမေတ္တာအသစ်၊
မျက်လုံးအသစ်တွေနဲ့ ကမ္ဘာအဟောင်းကို ကြည့်တယ်။ ဘုရားသခင်အသစ်ဟာ
စက်ရုံမီးခိုးတွေကနေ သက်တန့်ကို ဖန်ဆင်းတယ်။ ကျီးငှက်အော်သံကနေ ငွေကြေးကို
ဖန်ဆင်းတယ်။ အိပ်ရေးပျက်ညတွေကနေ အပြုံးကို ဖန်ဆင်းတယ်။ လူအမျိုးသမီးရဲ့
ခြေလှမ်းတွေကနေ ရေတံခွန်ကို ဖန်ဆင်းတယ်။ ဘုရားသခင်အသစ်ဟာ သိပ္ပံပညာကို
တစ်ဖက်တစ်လမ်းက လေ့လာတယ်။ ကဗျာရေးဖို့ ရည်ရွယ်ရင်းစွဲ ရှိပေမယ့် ခဲတံကို
ကောက်ကိုင်လိုက်တိုင်း ဒီလောက်အလိုအပ်ကြီးမဟုတ်တာ တွေးမိပြီး
ပြုံးတော်မူတယ်။ (အပြုံးထဲမှာ အိပ်ရေးပျက်ညတွေရှိတာ သင်မမေ့ပါနဲ့) ။
နှစ်တွေလတွေ ကြာလာပြီးတဲ့ အခါ ငြီးငွေ့လာတဲ့ ဘုရားသခင်အသစ်ဟာ ဂျင်းကျောပိုးအိတ်ကို ကောက်လွယ်ပြီး ခရီးတွေ ဆက်ထွက်ဖြစ်တယ်။ ဒီတစ်ခါတွေ့ရတဲ့ ဒုက္ခသည်တွေဟာ အရင်တစ်ခေါက်ထက် ပိုများနေပြီး ဘုရားသခင်အသစ်ဟာ သူတို့ကို ကယ်တင်ဖို့ စကားလုံးတချို့ကို သုံးခဲ့ရတယ်။ အဲဒီစကားလုံးတွေဟာ မုသားဖြစ်တယ်။ ဒီအကြောင်းကို တချို့ညတွေမှာ သူ အိပ်မက်ဆိုး အဖြစ်နဲ့ ပြန်မက်တတ်တယ်။ အဲဒီအခါမှာ ဘုရားသခင်အသစ်ဟာ ချွေးစေးတွေ ရွှဲစိုပြီး လန့်လန့်နိုးလာတယ်။ အခုဆိုရင် နေဟာ ဘုရားသခင်အသစ် ဒီကမ္ဘာမြေပေါ်စ ရောက်ရှိကာစက ထက် ပိုပူလာပြီ။ စစ်ပွဲတွေ ဖြစ်သထက် ဖြစ်လာလို့ ဘုရားသခင်အသစ်လည်း လက်လှမ်းမီသလောက် ပတ်ဝန်းကျင်က စစ်ပွဲတွေကို ကြော်ငြာဆိုင်းဘုတ်တွေ အဖြစ် လိုက် ပြောင်းလဲပစ်တယ်။ ကြော်ငြာတွေပြည့်နေတဲ့ အားကစားကွင်းရဲ့ ကောင်းကင်မှာ ကျီးကန်းတွေ အာ နေတယ်။ကမ္ဘာအဟောင်းဟာ သူ့ လက်ထဲမှာ ပို အခြေအနေဆိုးလာတယ်လို့ ထင်ခံရမှာ ဘုရားသခင်အသစ် အရမ်းကြောက်တယ်။ အဲဒါကြောင့် ကူဖော်လောင်ဖက် အဖြစ်နောက်ထပ် ဘုရားသခင်အသစ်တစ်ပါးကို ဖန်ဆင်းလိုက်တယ်။
တက်တက်ကြွကြွ ထထွက်သွားတဲ့ နောက်ထပ် ဘုရားသခင် အသစ်ကို ကြည့်ရင်း သူ ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး ကျေနပ်နေတယ်။ သူ့ကို ဖန်ဆင်းလိုက်တဲ့ ဘုရားသခင်ဟာ ရက်အနည်းငယ်အကြာမှာ စိတ်အရမ်းကျလို့ ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ အကြောင်း၊ ပြီးတော့ အဲဒီဘုရားသခင်ဟာလည်း သူ့လိုပဲ တစ်ခါက ဖန်ဆင်းခံခဲ့ရတဲ့ ဘုရားသခင်အသစ်ပဲ ဖြစ်ခဲ့တဲ့ အကြောင်းကိုတော့ ခေါင်းငြိမ့်နေတဲ့ ဘုရားသခင် အသစ်မသိသေးဘူး။ ။

(Inspired by Ma Su Myat Phyu 's status)
======================================================
အရိပ်တွေ
နှစ်တစ်နှစ်ရဲ့
ခုလို ညမျိုးတွေမှာဆိုရင် ပိုင်ရှင်တွေ အိပ်ပျော်သွားတာနဲ့ အရိပ်တွေဟာ
အိမ်တွေထဲက တိတ်တဆိတ်ထွက်လာပြီး လမ်းတွေပေါ် လျှောက်သွားကြတယ်။ တစ်နေရာရာကနေ
သူတို့ကို စောင့်ကြည့်နေမယ်ဆိုရင် မြင်လည်းမြင်နိုင်မယ်ဆိုရင် လမ်းနဲ့
အပြည့် တိတ်ဆိတ်ခြောက်ကပ်နေတဲ့ အရိပ်တွေ သွားလာနေတာကို မြင်ရမယ်။
နေ့ခင်းပိုင်းတုန်းက သူ့ သားလေး ကစားစရာအရုပ် လိုချင်လို့ ထိုင်ငေးနေခဲ့တဲ့
အရုပ်ဆိုင်ကလေးကနေ သားကို ချော့ ခေါ်လာခဲ့ရတဲ့ အဖေရဲ့ အရိပ်ဟာ သူ့
သားအရိပ်ကလေးကို လက်က ဆွဲပြီး ဆိုင်လေးဆီ ပြန်လာတယ်။ အရိပ်တစ်ခုက
ပိုက်ဆံအရိပ်တွေကို ထိုင် ဆုတ်ဖြဲပစ်ပြီး အားရပါးရ အော်ရယ် နေတယ်။သူ့
ဘေးမှာ ဘွဲ့လက်မှတ်တွေကို မီးပုံ ရှို့နေတဲ့ တခြားအရိပ်တစ်ခု ။ တစ်နေရာမှာ
အရိပ်တစ်စု သေကြောင်းကြံစည်နေတယ်။ နောက်တစ်ခါ ရထားလာရင် ဘယ်တော့မှ
မရှောင်တော့ဘူးလို့ သူတို့ထဲက အရိပ်တစ်ခုက ပြောတယ်။ ထောင်ဝင်းတံခါးကို
ကျော်ထွက်လာတဲ့ အရိပ်နဲ့ သူ့ မိသားစု အရိပ်တွေ လမ်းခုလတ်မှာ ဆုံကြတယ်။
ကောင်လေးအရိပ်တစ်ခုက ကောင်မလေး အရိပ်တစ်ခုရဲ့ လက်ကို
တင်းတင်းကြပ်ကြပ်ဆုပ်ပြီး ကိုယ်မင်းကို ဘယ်တော့မှ မထားခဲ့တော့ဘူး ဘယ်တော့မှ
မထားခဲ့တော့ဘူး လို့ တတွတ်တွတ် ပြောနေတယ်။ အရိပ်တစ်ခုကတော့ လမ်းကိုပဲ
တွင်တွင်ဖိလျှောက်နေတယ်။ သူဘယ်ကို သွားနေတာလဲ ဒါမှမဟုတ် ဘယ်ကို
ပြန်သွားမှာလဲ။ မိုးမလင်းခင် သူတို့ အရိပ်တွေ သက်ဆိုင်ရာနေရာ အသီးသီးကို
မပြန်ရခင်မှာရော သူ သွားချင်တဲ့ဆီ ရောက်ဖြစ်ဦးမှာလား။ အဲဒီအရိပ်ဟာ လမ်းပဲ
ဆက်လျှောက်နေတယ်။ သူ့ ကြည့်ရတာ တစ်ခုခုကို အလေးအနက် လုပ်နေတဲ့ပုံ။ ။
(ညွှန်း။ ။ ဆရာ နေမျိုးရဲ့ စကားပြေ တချို့ )
======================================================
ခင်ဗျား
ခင်ဗျားက အလုပ်တစ်ခုခုကို လုပ်နေမယ်
လုပ်နေရင်းနဲ့ ပစ္စည်းတစ်ခုခုကို မတော်တဆတိုက်ချမိမယ်
ကြမ်းပြင်နဲ့ အဲဒီပစ္စည်းထိတဲ့ အသံကို ကြားမိတဲ့ အတွက်
ပြုတ်ကျသွားတာ သေချာပေမယ့် ခင်ဗျားက
လက်ရှိအလုပ်ပေါ် အာရုံစိုက်နေတဲ့အတွက် အမှတ်တမဲ့ပဲ ။
နောက်မှ ကောက်မယ် စဉ်းစားမယ်

မပျော်ရွှင်သူများ
Scene-1
မြို့ထဲကို လူတွေ ဝင်လာကြတယ်။ မပျော်ရွှင်တဲ့ မျက်နှာနဲ့ လူတွေ။ အပြုံးအရယ်မရှိ၊ ဆွေးရီနေတဲ့ မျက်လုံးတွေနဲ့ ခေါင်းငိုက်စိုက်ချလို့။ အစကတော့ သာမန်ထက် နည်းနည်းပဲ ထူးခြားတာပါလို့ လူတွေ ထင်ကြတယ်။ မပျော်ရွှင်မှုတွေဟာ သူတို့ဆီက တဆင့် ကျန်တဲ့ လူတွေကိုပါ လိုက်လံကူးစက်သွားတယ်ဆိုတာ သဘောမပေါက်ကြခင် အချိန်အထိပေါ့။
Scene-2
နောက်က အန္တရာယ် တစ်ခုခုလိုက်လာတဲ့ ပုံမျိုးနဲ့ မြို့လည်ခေါင်တစ်နေရာကို လူတစ်ယောက် အူယားဖားယား ပြေးလာတယ်။ ဇောချွေးတွေနဲ့ သူ အပြေးရပ်သွားပြီးတဲ့ နောက်မှာ ဘယ်သူမှ မကြားဖူးတဲ့ ကြေကွဲစရာ အာမေဋိတ်တစ်ခုကို စူးစူးဝါးဝါး သံရှည်စွဲ အော်တယ်။ အကုန်လုံးက သူ့ကို မင်သက်ငေးမောလို့။ နောက် သူ တိတ်ဆိတ်ပြီး မပျော်ရွှင်တဲ့ မျက်နှာထား ဖြစ်လာတယ်။ အဲဒီနောက်မှာ သူ့ အနားက လူတွေလည်း သူ့လို မပျော်ရွှင်တဲ့ မျက်နှာတွေ ဖြစ်ကုန်ကြတယ်။ တစ်ခုခုကို စိုးထိတ်ကြောက်လန့်လာတယ်။ အဲဒီကနေ စပြီး မြို့မှာ ပျော်စရာ သီချင်းသံတွေ တိတ်သွားပြီး အဆွေးသီချင်းတွေကို ပြောင်းဆိုကြတယ်။ ညညဆို တစ်ခုခုကို တိုင်တည်ငိုယိုသံတွေ တစ်မြို့လုံး အနှံ့ကြားရလာတယ်။ မြို့ဟာ အမှောင်ကို ပို ကြိုက်လာတယ်။
Scene- 3
မြို့ရဲ့ တစ်နေရာမှာတော့ ခင်ဗျားတို့ ကျွန်တော်တို့ စိတ်ထဲက ဇာတ်လိုက်နဲ့ သူ့အပေါင်းအသင်းတစ်စုဟာ ထုံးစံအတိုင်း ပိတ်မိနေလိမ့်မယ်။ အစာရေစာနည်းနည်း၊ အပေါင်းအသင်းနည်းနည်း၊ ဘဝကို နှစ်လိုတွယ်တာမှုနည်းနည်းစီနဲ့ပေါ့။ ဘယ်သူပြောနိုင်မလဲ။ ခြေသံတွေ၊ တံခါးခေါက်သံတွေဟာ နောက်ထပ် တစ်ခဏအတွင်း သူတို့နား ရောက်မလာပါဘူးလို့။ ။

ဆုတောင်းကောင်
သူဖြစ်ချင်တာတွေကို လူတွေကို ပြောပြတဲ့ အခါ လူတွေက သူ့ကို " ဆုတောင်းလေ " လို့ ပြန်ပြောကြတယ်။ ဒီလို ပြောခံရတာတွေများလာတော့ အဲဒီလို ဆုတောင်းနေရင် သူလိုချင်တာတွေဟာ တကယ်ဖြစ်လာမယ်လို့ အသေအချာကြီး ယုံကြည်လာတယ်။ အဲဒီက စပြီး သူဟာ ဆုတောင်းကောင် ဖြစ်လာတယ်။ ဆုတောင်းကောင်ဟာ သွားရင်းလာရင်းစားရင်းသောက်ရင်းနေရင်းထိုင်ရင်း ပုံစံအမျိုးမျိုးနဲ့ ဆုတောင်းတယ်။ ဆုတောင်းတွေဟာ သူ့ဘဝဖြစ်လာပြီး သူ့ဘဝမှာ သူပျော်မွေ့လာတယ်။ " ဘာဖြစ်စေ ... ညာဖြစ်စေ "နဲ့ အမိန့်ပေးလိုက်တိုင်း ပြည့်စုံသွားတဲ့ လူတွေ၊ တောင့်တလိုက်တိုင်း ရသွားတဲ့ လူတွေကို စေတစ်လုံး ပိုင်ရှင်လို့ လူတွေ ခေါ်ကြသလိုမျိုး " ဘာဖြစ်ပါစေ ... ညာဖြစ်ပါစေ " ခဏခဏဆုတောင်းနေရတဲ့ သူကရော "ပါစေ တစ်လုံးပိုင်ရှင် " များ ဖြစ်နေမလားလို့ သူ စဉ်းစားတယ်။ သူ့ ဆုတောင်းတွေမှာ ဖြစ်လာမယ်ဆိုတဲ့ အာမခံချက် မရှိပေမယ့်လို့ပေါ့။ ။

အဝေးကြီး ပုံပြင်
ဇာတ်လမ်း အစမှာ အဝေးကြီး ၂ယောက်ရှိခဲ့ပြီး တစ်နေ့မှာ တစ်ယောက်က ငါ မင်းနဲ့ အဝေးကြီးကို ထွက်သွားရတော့မယ်လို့ ပြောလာတယ်။ ကျန်ခဲ့မယ့် တစ်ယောက်က " ရှင့်သဘောပဲ ။ဒါပေမယ့် ကျွန်မတို့ တစ်ယောက်ဆီက တစ်ယောက် ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး ။ ဒါကို ရှင်လည်း သိတယ်။ ဒါဟာ တစ်ချိန်တည်းမှာ ကျိန်စာလည်း ဖြစ်၊ ဆုလာဘ်လည်း ဖြစ်နေတဲ့ ရှားရှားပါးပါး ကိစ္စတွေထဲက တစ်ခုပဲ " လို့ အဝေးကြီးသံဝဲနေတဲ့ စကားနဲ့ ပြန်ပြောတယ်။

အိပ်မက်ဝင်စား
အိပ်မက်မက်သူ သေသွားတဲ့အခါ အိပ်မက်ဟာ သူကို လက်ခံမွေးမြူထားနိုင်မယ့် လူ နောက်တစ်ယောက်ကို လိုက်ရှာတယ်။ မောဟိုက်လာတဲ့ အထိ လိုက်ရှာပေမယ့် ဆက်ခံနိုင်မယ့် လူ မတွေ့တဲ့ အခါ သူကိုယ်တိုင် လူအဖြစ် ဝင်စားဖို့ ဆုံးဖြတ်ခဲ့တယ်။
ဖြစ်ချင်တော့ တဖြည်းဖြည်း အသက်ကြီးလာတဲ့ အခါမှာ အိပ်မက်ဝင်စားလေးဟာ အိပ်မက်ဘဝက လာခဲ့ရတယ်ဆိုတာကို လုံးဝမေ့သွားသတဲ့။ လူလို ရှင်သန်ရင်း နေထိုင်ရင်း တဖြည်းဖြည်း အသားကျလာပြီး တခြားလူတွေလိုပဲ ဖြတ်သန်းသွားတယ်။
တစ်နေ့မှာတော့ သူ အိပ်မက်တစ်ခုကို စပြီး မက်လာတယ်။ ။

တော်လှန်သူ
တော်လှန်သူ။
လုံခြုံရေးဝန်ထမ်းတွေ တားနေတဲ့ ကြားက စင်မြင့်ပေါ် ဇွတ်တရွတ်တက်သွားတယ်။
စင်ပေါ်ကနေပြီး သူ ။
ဖျော်ဖြေရေးအစီအစဉ်တွေရဲ့ လူထုအပေါ် လှည့်စားထားတဲ့ သဘောတရားအကြောင်း စင်ပေါ်ကနေ ဒေါနဲ့မာန်နဲ့ပြောပြတယ်။
ပရိသတ်။
မှင်သက်တိတ်ဆိတ်သွားတယ်။
အကဲဖြတ်ဒိုင်တွေ။
အခုလို စင်ပေါ် အတင်းတက်ပြပြီး မိန့်ခွန်းပြောတဲ့ Performance ဟာ အမိုက်စား ဖြစ်ကြောင်း မှတ်ချက်ပေးတယ်။ ပြီးတော့ အပတ်စဉ် အစီအစဉ်တွေမှာ အခုလို မိန့်ခွန်းတွေ လာပြောပေးနိုင်မလားလို့ စင်ပေါ်က လူ ကို မေးတယ်။
ပရိသတ်။
သောင်းသောင်းဖျဖျ အားပေးကြတယ်။
.......
အဲဒီအချိန်က စပြီး ဖျော်ဖြေသူတစ်ယောက် တိုးလာခဲ့ပါတယ်။ ။
(ရည်ညွှန်း ။ ။ Black Mirror ; "Fifteen Million Merit" )

လူနာ
ပုံပြင်တစ်ပုဒ်ထဲကို လူမမာတစ်ယောက်ဝင်လာပြီး ဆေးဆရာကို ပြောတယ်၊ ကျနော့်မှာ တကယ်မရှိတဲ့ ရောဂါ ဖိစီးနေပါတယ် တဲ့ ။ ဆေးဆရာကလည်း မယုံကြည်ပေမယ့် ရွှတ်နောက်နောက် နဲ့ ဆေးတွေ ထုတ်ချင်ယောင်ဆောင်ပြီး လူနာပါးစပ်ထဲ ထည့်ခွံ့လိုက်တယ်။ ဒီလောက်ဆို ကောင်းသွားမှာပါကွာ ဆိုပြီး။
နောက်တစ်နေ့ လူနာ ထပ်လာတယ်။ ဆရာ ဆေးမှားတိုက်လိုက်ပြီ ထင်တယ်၊ ကျနော် အခြေအနေ ပိုဆိုးလာပြီ တဲ့။ ဆေးဆရာက ဒီတစ်ခါမှာ မအားလည်း မအားတာနဲ့ ဒီလူ ပြန်လာနောက်နေတယ် ထင်ပြီး ဒီ တစ်ခါတော့ သွားပါတော့ဆိုပြီး မောင်းထုတ်လိုက်တယ်။ လူနာက ပေကပ်ပေကပ်နဲ့ နာလည်း နာကျင်နေတဲ့ ပုံနဲ့ ထွက်သွားတယ်။ ဒီလူ တော်တော် သရုပ်ဆောင်ကောင်းတာပဲလို့တော့ ဆေးဆရာ လိုက်တွေးနေသေးတယ်။
နောက်ရက်တွေမှာ အဲဒီလူနာလည်း ဆေးပေးခန်းကို မလာတောဘူး။ဆေးဆရာလည်း ပုံပြင်ဆုံးတဲ့ အထိ ထိုင်ပြီး အဲဒီလူကို အားလပ်တဲ့ အချိန်တွေမှာ သတိတွေရလို့၊ တစ်ခါတစ်လေ တခြားရောဂါတစ်ခုခု နဲ့ သူ ထပ်လာပြရင် ကောင်းမှာပဲ လို့ စိတ်ပြေလက်ပျောက်တွေးလို့ပေါ့။

နောက်ဆုံးမှာတော့ ခင်ဗျားလုပ်လက်စလည်း ပြီးသွားပြီ
စောစောက ပြုတ်ကျသွားတဲ့ ပစ္စည်းကို ကောက်ဖို့
ကြမ်းပြင်အောက်ကို ခေါင်းငုံ့လိုက်မယ်
ဘာမှ ရှိမနေဘူး
ပြုတ်ကျသွားတဲ့ အရာနဲ့ ပတ်သက်လို့ ခင်ဗျား ပြန်စဉ်းစားမယ်
အဲဒီအချိန်၊ အဲဒီနေရာမှာ ရှိနေတာ ဘာများဖြစ်နေမလဲ၊
ပြုတ်ကျသွားတုန်းက ဘယ်လို အသံမြည်လဲ၊
ဘယ်နေရာက အသံမြည်လဲ၊
လိမ့်သွားတဲ့ အသံ တစ်ခုခု မြည်သေးလား
တဖြည်းဖြည်းနဲ့ ငြီးငွေ့လာတဲ့ ခင်ဗျားဟာ
အဲဒီလို ရှာဖွေတဲ့ အလုပ်ကို ရပ်လိုက်မယ်
အရေးကြီးတာ တစ်ခုခု ဖြစ်မနေစေဖို့ ဆုတောင်းမယ်။
နောက်ရက်တွေမှာ ပြန်တွေ့မိဖို့၊
ပျောက်သွားတဲ့ အရာက ဘာဆိုတာ သိလာဖို့
မျှော်လင့်မယ်
တဖြည်းဖြည်း ရက်တွေ ကြာလာမယ်
တဖြည်းဖြည်း ရက်တွေ ထပ်ကြာလာမယ် ။ ။
======================================================
အဓိပ္ပာယ်
အဓိပ္ပာယ်ဟာ နေရင်းထိုင်ရင်း မပျော်ရွှင်တာက စတာပဲ။
ပြီးခဲ့တဲ့ ရက်အနည်းငယ်က အဓိပ္ပာယ် လျှောက်သွားနေရင်း လူမှားနှုတ်ဆက်ခံရတာက စ ဖြစ်တာ။
အဓိပ္ပာယ် တွေးတယ်။
တစ်နေရာ မဟုတ် တစ်နေရာမှာ သူလိုကိုယ်လို ဆင်တူယိုးမှား အဓိပ္ပာယ်တွေ ရှိနေနိုင်တာပဲ။ သူ့ ဘဝနဲ့ သူ ရှိနေတဲ့ အဓိပ္ပာယ်တွေ၊
သူ့ အဓိပ္ပာယ်နဲ့ သူတွေ ရှိနေရင် ဒီ အဓိပ္ပာယ်တွေ အခုနေ ဘာ လုပ်နေကြမလဲ။
တစ်နေရာမှာ အဓိပ္ပာယ်တစ်ခုဟာ က ခုန်ပျော်မြူးနေပြီး၊ တစ်နေရာမှာ အဓိပ္ပာယ်တစ်ခု ဘုံဆိုင်ထဲမှာ လဲနေပြီး၊ ဆေးရုံမှာ ဆရာဝန်ပေးလာမယ့် result ကို ယူဖို့ စောင့်နေပြီး၊ အင်းဆက်ပိုးတစ်ကောင်ကောင်ကို ဓာတ်ပုံလှလှ ရိုက်ယူနိုင်ဖို့ ကြိုးစားနေပြီး၊ တစ်ယောက်ယောက်နဲ့ နှုတ်ခမ်းချင်းနမ်းနေပြီး၊ လွတ်သွားတဲ့ ကားနောက် ပြေးလိုက်နေပြီး ...
တွေးလေတွေးလေ ခေါင်းခြောက်ပြီး မပျော်ရွှင်လေ ဖြစ်လာတယ်။
တိုက်ဆိုင်မှုလည်း ရှိဖို့ မလို၊ ရည်ရွယ်ချက်လည်း ရှိဖို့ မလိုတဲ့ ကမ္ဘာမှာ အဓိပ္ပာယ်ပေါင်းများစွာ သူ့နည်းသူ့ဟန်နဲ့ တည်ရှိနေတာ ဘာ လို့ လဲ။ သူ ဒီမှာ ရှိနေတာ၊ ဒီမှာ ရှိနေတဲ့ သူကရော ဘာအဓိပ္ပာယ်လဲ။
အဲဒီနောက် အဓိပ္ပာယ်ပျောက်သွားတယ်။
လူတွေလည်း ရှာကြဖွေကြ အချိန်တန် မေ့သွားကြမှာ အဓိပ္ပာယ် သိခဲ့ပုံပဲ။ " အဓိပ္ပာယ် ဒီမှာ ရှိခဲ့ဖူးတယ်" ဒါမှမဟုတ် " အဓိပ္ပာယ် မရှိတော့ပါ " ဆိုတဲ့ စာတစ်စောင်တစ်လေတောင် ချန် မသွားဘူး။ ။

ဒီလိုနဲ့ သူတို့ တစ်ယောက်နဲ့ တစ်ယောက် အဝေးကြီးမှာ အမြဲတမ်းအတူရှိနေတော့တယ် ။ ။
(inspired by L Ni Loon's poem)
(inspired by L Ni Loon's poem)
======================================================
အိပ်မက်ဝင်စား
အိပ်မက်မက်သူ သေသွားတဲ့အခါ အိပ်မက်ဟာ သူကို လက်ခံမွေးမြူထားနိုင်မယ့် လူ နောက်တစ်ယောက်ကို လိုက်ရှာတယ်။ မောဟိုက်လာတဲ့ အထိ လိုက်ရှာပေမယ့် ဆက်ခံနိုင်မယ့် လူ မတွေ့တဲ့ အခါ သူကိုယ်တိုင် လူအဖြစ် ဝင်စားဖို့ ဆုံးဖြတ်ခဲ့တယ်။
ဖြစ်ချင်တော့ တဖြည်းဖြည်း အသက်ကြီးလာတဲ့ အခါမှာ အိပ်မက်ဝင်စားလေးဟာ အိပ်မက်ဘဝက လာခဲ့ရတယ်ဆိုတာကို လုံးဝမေ့သွားသတဲ့။ လူလို ရှင်သန်ရင်း နေထိုင်ရင်း တဖြည်းဖြည်း အသားကျလာပြီး တခြားလူတွေလိုပဲ ဖြတ်သန်းသွားတယ်။
တစ်နေ့မှာတော့ သူ အိပ်မက်တစ်ခုကို စပြီး မက်လာတယ်။ ။
======================================================
တော်လှန်သူ
တော်လှန်သူ။
လုံခြုံရေးဝန်ထမ်းတွေ တားနေတဲ့ ကြားက စင်မြင့်ပေါ် ဇွတ်တရွတ်တက်သွားတယ်။
စင်ပေါ်ကနေပြီး သူ ။
ဖျော်ဖြေရေးအစီအစဉ်တွေရဲ့ လူထုအပေါ် လှည့်စားထားတဲ့ သဘောတရားအကြောင်း စင်ပေါ်ကနေ ဒေါနဲ့မာန်နဲ့ပြောပြတယ်။
ပရိသတ်။
မှင်သက်တိတ်ဆိတ်သွားတယ်။
အကဲဖြတ်ဒိုင်တွေ။
အခုလို စင်ပေါ် အတင်းတက်ပြပြီး မိန့်ခွန်းပြောတဲ့ Performance ဟာ အမိုက်စား ဖြစ်ကြောင်း မှတ်ချက်ပေးတယ်။ ပြီးတော့ အပတ်စဉ် အစီအစဉ်တွေမှာ အခုလို မိန့်ခွန်းတွေ လာပြောပေးနိုင်မလားလို့ စင်ပေါ်က လူ ကို မေးတယ်။
ပရိသတ်။
သောင်းသောင်းဖျဖျ အားပေးကြတယ်။
.......
အဲဒီအချိန်က စပြီး ဖျော်ဖြေသူတစ်ယောက် တိုးလာခဲ့ပါတယ်။ ။
(ရည်ညွှန်း ။ ။ Black Mirror ; "Fifteen Million Merit" )
======================================================
လူနာ
ပုံပြင်တစ်ပုဒ်ထဲကို လူမမာတစ်ယောက်ဝင်လာပြီး ဆေးဆရာကို ပြောတယ်၊ ကျနော့်မှာ တကယ်မရှိတဲ့ ရောဂါ ဖိစီးနေပါတယ် တဲ့ ။ ဆေးဆရာကလည်း မယုံကြည်ပေမယ့် ရွှတ်နောက်နောက် နဲ့ ဆေးတွေ ထုတ်ချင်ယောင်ဆောင်ပြီး လူနာပါးစပ်ထဲ ထည့်ခွံ့လိုက်တယ်။ ဒီလောက်ဆို ကောင်းသွားမှာပါကွာ ဆိုပြီး။
နောက်တစ်နေ့ လူနာ ထပ်လာတယ်။ ဆရာ ဆေးမှားတိုက်လိုက်ပြီ ထင်တယ်၊ ကျနော် အခြေအနေ ပိုဆိုးလာပြီ တဲ့။ ဆေးဆရာက ဒီတစ်ခါမှာ မအားလည်း မအားတာနဲ့ ဒီလူ ပြန်လာနောက်နေတယ် ထင်ပြီး ဒီ တစ်ခါတော့ သွားပါတော့ဆိုပြီး မောင်းထုတ်လိုက်တယ်။ လူနာက ပေကပ်ပေကပ်နဲ့ နာလည်း နာကျင်နေတဲ့ ပုံနဲ့ ထွက်သွားတယ်။ ဒီလူ တော်တော် သရုပ်ဆောင်ကောင်းတာပဲလို့တော့ ဆေးဆရာ လိုက်တွေးနေသေးတယ်။
နောက်ရက်တွေမှာ အဲဒီလူနာလည်း ဆေးပေးခန်းကို မလာတောဘူး။ဆေးဆရာလည်း ပုံပြင်ဆုံးတဲ့ အထိ ထိုင်ပြီး အဲဒီလူကို အားလပ်တဲ့ အချိန်တွေမှာ သတိတွေရလို့၊ တစ်ခါတစ်လေ တခြားရောဂါတစ်ခုခု နဲ့ သူ ထပ်လာပြရင် ကောင်းမှာပဲ လို့ စိတ်ပြေလက်ပျောက်တွေးလို့ပေါ့။
- ဏေသစ်
No comments:
Post a Comment