Monday, November 16, 2015

ကျွန်တော်မသိဘဲ မိုးတွေ ရွာသွားတယ် မကြည်ဖြူ

(၁)
အဲဒီအရပ်မှာ မိုးတွေ ရွာနေလား … မကြည်ဖြူ … ။ ဒီမှာတော့ အရမ်းပဲ … သည်းလို့မည်းလို့။
အကြောင်းတိုက်ဆိုင်မှ ပြောပြရမယ် မဟုတ်ပေမယ့် တိုက်ဆိုင်လို့ ပြောပြချင်တာ တစ်ခုက နောက်တစ်ခါ မိုးတွေထပ်ရွာရင်လည်း အခုအကြောင်းတွေပဲ စဉ်းစားမိဦးမယ် ထင်တယ်။
တစ်ယောက်ကို တစ်ယောက် နာမည်မှားခေါ်လိုက်ဖို့ သိပ်ကို လွယ်ကူတဲ့ အခုလို နှစ်တွေမှာ ကျနော်တို့ တွေ့ခဲ့၊ လွဲခဲ့ကြတဲ့ အကြောင်း။