Tuesday, September 26, 2017

သစ်​သီး​နေ့


အပျံသင်​ချိန်​​မှာ ဆိုရမယ့်​ သီချင်းလို့
ဘဝကို ရိုးစင်း​စေခိုင်းထားတဲ့ ရူးသွပ်​မှု

မင်း ​တွေ့ခဲ့ဖူးတဲ့ သူစိ​မ်း​တွေလို
အချိန်​ကျတဲ့ အခါ မင်း ဘဝကို မင်း​မေ့သွားမှာ

ဆိုတဲ့ Fortune Cookie လာ စာသား ​တွေ
အနက်​​ကောက်​ယူခြင်းထဲက ဆိုလိုရင်းအဖြူ​ထည်တွေ

မရှိ ။ သူ့ ပကတိ အရှိ အဓိပ္ပာယ်​သက်​သက်​ကို
လက်​လွှတ်​ပြီးရင်း လက်​လွှတ်​​နေရတဲ့

ထပ်​တလဲလဲ အဖြစ်​က မလွတ်​​မြောက်​နိုင်​ခြင်း​တွေ။
ကျမ်းစာပိုဒ်​​တွေ ၊ သစ်​သီး​တွေ ၊ အမှန်​တကယ်​​တွေ ... ။ ။

-​ဏေသစ်

No comments:

Post a Comment