Tuesday, September 26, 2017

ခွက်ရဲ့ ရှေ့မှာ





ရေပိုက်ခေါင်းက ရေကျသံကြောင့် ကိုယ်နိုးလာတဲ့ အခါ
ကိုယ့် ရှေ့မှာ သုံးပြီးသားကော်ဖီစစ် စက္ကူတွေပဲ ရှိနေ
နောက်ထပ်ကမ္ဘာမှာ ရှိတဲ့ စိုက်ခင်းတစ်ခုဆီက အသစ်တွေ
 ဝတ်ပြုရာမြေဟာ ကော်ဖီစေ့တွေနဲ့
မတန်ဘူး မနက်ခင်းဟာ လှော်တယ်ဆိုရုံလေး
 လှော်ထားတဲ့ ပုံစံဖြစ်ပြီး သိုးကို သတ်ဖို့ ဆိုရင်
ဘုန်းတော်ကြီးပုံ ပေါက်နေစရာမလိုဘူးလို့
ကိုယ် ထင်တယ် အရင်ဆုံး သစ်ရွက်တွေ
 တိုးတိုက်မိသံလာပြီးရင် တီးတိုးဆုတောင်းသူ
အရင်ဆုံး ဟမ်းစတား ပြီးရင် သူ့ရဲ့ ဘီး
မင်း အဆုတ်တွေထဲက ထွက်သက်ကို
 ဆွဲထုတ်နေတဲ့ အမြင့်က အမြင်အာရုံ လို ၊ ပြီးတော့
မင်းစဉ်းစားအံ့အားသင့်မှာ ၊  နှင်းတွေဟာ
တောင်ထိပ်အမြင့်ကြီးတွေဆီ ရောက်ဖို့ ဘယ်လောက်များ
 ဝီရိယကောင်းခဲ့ ရမလဲဆိုပြီး ကဖိန်း အရည်ပျော်တယ် အဓိပ္ပာယ်
မရှိတာတွေ အများကြီး ပြတင်းပေါက်ကလေးကို
 ဖြတ်သွားတဲ့ နေရောင်တန်းလို လင်းလက်နေတာ
ကိုယ်က ဘာလို့ မနက်ခင်းအစောကြီးမှာ
ဘာသာရေးအကြောင်း တွေးနေရတာလဲ
 ဖြစ်နိုင်တာကတော့ ညနေခင်းမှာ
အလင်းကို ဘုရားသခင် မှိန်ဖျော့လိုက်ချိန်
 သူ့ရဲ့ အသက်ရှုသံကို ကိုယ် ကြားနိုင်လို့ပဲ

                         Guy Helminger
 



(စကားချပ် ။ ။ ၂၀၁၇ ဧပြီမှာ လုပ်ခဲ့တဲ့ " Violent Memories ; Trauma & Transformation" ပွဲအတွက် ဂျာမန် ကဗျာဆရာ Guy Helminger ရဲ့ ကဗျာတွေကို ဘာသာပြန်ဖြစ်ခဲ့ပါတယ်။ အခွင့်အရေးကောင်းတစ်ခု ရတာကတော့ ဘာသာပြန်ပြီးတဲ့ နောက်မှာ မူရင်း ကဗျာဆရာနဲ့ တွေ့ပြီး ၊ စကားပြောခဲ့ရပြီး  သူ့ မူရင်းစကားလုံးတွေနဲ့ အဆက်အစပ်တွေအကြောင်း ၊ အဲဒါတွေနဲ့ ကိုယ် အနက်ကောက်ထားပုံကြား အကောက်အယူ ကွဲပြားနေမှုတွေအကြောင်း သိခဲ့ရတာပါ။ ကိုယ့်အတွက်တော့ အဲဒီ အတွေ့အကြုံက တော်တော် တန်ဖိုးရှိပါတယ်။ Guy Helminger နဲ့ စကားမပြောဖြစ်ခင် ကိုယ် ပြန်ထားတဲ့ version နဲ့ သူ့ကဗျာ (ပြင်သစ်ကနေ အင်္ဂလိပ်လို ဘာသာပြန်ထားတာ) ကို အောက်မှာ တဆက်တည်း ပြထားပါတယ်

ခွက်ရဲ့ ရှေ့မှာ



ရေပိုက်ခေါင်းက ရေကျသံကြောင့် ကိုယ်နိုးလာတဲ့ အခါ
ကိုယ့် ရှေ့မှာ သုံးပြီးသားကော်ဖီစစ် စက္ကူတွေပဲ ရှိနေ
နောက်ထပ်ကမ္ဘာမှာ ရှိတဲ့ စိုက်ခင်းတစ်ခုဆီက သတင်း ရိတ်သိမ်းချိန်ကို ခြေချုပ်ချထားတဲ့ ဆုတောင်းဟာ ကော်ဖီစေ့တွေနဲ့
မတန်ဘူး မနက်ခင်းဟာ လှော်တယ်ဆိုရုံလေး
 လှော်ထားတဲ့ ပုံစံဖြစ်ပြီး သိုးကို သတ်ဖို့ ဆိုရင်
ဘုန်းတော်ကြီးပုံ ပေါက်နေစရာမလိုဘူးလို့
ကိုယ် ထင်တယ် အရင်ဆုံး သစ်ရွက်တွေ
 တိုးတိုက်မိသံလာပြီးရင် တီးတိုးပြောသူ
အရင်ဆုံး ဟမ်းစတား ပြီးရင် သူ့ရဲ့ ဘီး
မင်းရဲ့ အဆုတ်တွေထဲက ထွက်သက်ကို
 ဆွဲထုတ်နေတဲ့ အမြင့်က အမြင်အာရုံ လို ၊ ပြီးတော့
ဘယ်လိုလဲလို့ မင်းစဉ်းစားမယ် ၊ နှင်းတွေဟာ
တောင်ထိပ်အမြင့်ကြီးတွေဆီ ရောက်ဖို့ ဘယ်လောက်များ
 ဝီရိယကောင်းခဲ့ ရမလဲဆိုပြီး ။ ကဖိန်း အရည်ပျော်တယ် ။ အဓိပ္ပာယ်
မရှိတာတွေ အများကြီး ပြတင်းပေါက်ကလေးကို
 ဖြတ်သွားတဲ့ နေရာင်တန်းလို လင်းလက်နေတာ။
ကိုယ်က ဘာလို့ မနက်ခင်းအစောကြီးမှာ
ဘာသာရေးအကြောင်း တွေးနေရတာလဲ
 ဖြစ်နိုင်တာကတော့ ညနေခင်းမှာ
အလင်းကို ဘုရားသခင် မှိန်ဖျော့လိုက်ချိန်
 သူ့ရဲ့ အသက်ရှုသံကို ကိုယ် ကြားနိုင်လို့ပဲ

Before the cup

As I woke the water in the tap
there were only used coffee filters in front of me
news from a plantation in the next world
prayer grounds the harvest not worth         
beans  The morning was of a light
roast and I thought you don’t need
to look like a priest to
slaughter a sheep  First came the
rustling of the trees then the one who whispers
first the hamster then its wheel
like visions at altitude that
suck the breath from your lungs and
you wonder: How persistent the snow must be
to reach so high on the
mountaintops?  Caffeine melt  So much
nonsense shining like a ray of sun
through the small window
Why am I thinking of religion
so early in the morning?
Maybe because I
can hear God breathe
as He dims the light in the evening

trans [From French to Eng] . Tess Lewis
 



No comments:

Post a Comment