Friday, January 19, 2018

ကိုယ်​သာ အချစ်​ကဗျာဆရာတစ်​​ယောက်​ ဆိုပါ​တော့

ကိုယ်​သာ အချစ်​ကဗျာဆရာတစ်​​ယောက်​ ဆိုပါ​တော့

အပြအပြည့်

၁) မှတ်​ဉာဏ်​အ​ကြောင်း

နောက်​ခံပိတ်​ကား အဖြူ​ရောင်​​ဖျော့​ဖျော့​ရှေ့မှ
အဖြူရောင်​ ဝတ်​စုံဝတ်​ထားတဲ့ ​ဖျော့​တော့​တော့
အမျိုးသမီးကြီးတစ်​​ယောက်​ အရွယ်​စုံ၊ ပုံစံစုံ
ကြည့်​မှန်​ချပ်​​တွေကို တစ်​ချပ်​ပြီး တစ်​ချပ်​ ဆွဲထုတ်​ပြီးလာပြလိုက်​ ၊ ပြန်​ထွက်​သွားလို​က်​၊ ​နောက်​မှန်​တစ်​ချပ်​ ထပ်​သယ်​ပြီး ပြန်​လာလိုက်​၊ ​နှေးလိုက်​မြန်​လိုက်
မှန်​​တွေဟာ ​လေး​ထောင့်​ဖြစ်​လိုက်​ တြိဂံဖြစ်​လိုက်​ စက်​ဝိုင်းဖြစ်​လိုက်​ ဘဲဥပုံဖြစ်​လိုက်​ ​သေးလိုက် ကြီးလိုက်​ ။ ။

အချိန်​အခါ​ကောင်းကို ​စောင့်​စားခြင်း

Upward  (1929) by Wassily Kandinsky

အချိန်​အခါ​ကောင်းကို ​စောင့်​စားခြင်း

အချိန်​အခါ​ကောင်းကို ​စောင့်​စားခြင်း​မှာ
မျက်​နှာ ၃ ခု အမြဲတမ်းရှိတယ်​။
 အသံထွက်​တဲ့ ဘက်​၊ အရုပ်​မြင်​ရတဲ့ ဘက်​နဲ့

ဂူအယ်လ်တာ


  အသက် သုံးဆယ်မတိုင်ခင်ထိတော့ ကျုပ်လည်း အေးအေးလူလူ၊ ဖြောင့်ဖြောင့်မှန်မှန်နဲ့ နေခဲ့တာပဲ။ ကျုပ်ရဲ့ အတ္ထုပတ္တိကိုက အဲဒီလိုပဲ လို့တောင် ဆိုရမယ်။ ပြီးတော့ ကြီးကောင်ဝင်စအရွယ်တုန်းက စာအုပ်တွေမှာ ဖတ်ခဲ့ဖူးပေမယ့် အခု မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့ ဇာတ်ကောင်တွေ ကျုပ်ဘဝမှာ ပြန်ပေါ်လာတယ်ဆိုတာမျိုးလည်း မကြုံဖူးဘူး။ ကုန်ကုန်ပြောရရင်ဗျာ .. တခြားသူတွေ ဘဝမှာဆိုရင်တောင် ဒီဇာတ်ကောင်တွေ ပြန်ပေါ်လာတာ မကြုံဖူးဘူး။ ကြားတော့ ကြားဖူးတာပေါ့လေ၊ လူငယ်ဘဝတုန်းက ကိုယ်နဲ့ နာမည်တူ တစ်ယောက်ယောက်နဲ့ ကြုံလာတဲ့ အခါမျိုးမှာ ဖြစ်တည်မှုဆိုင်ရာ အကျပ်အတည်းကို ခဏလောက်တော့ ခံစားရတဲ့အကြောင်း (ဥပမာ - ကျုပ်သူငယ်ချင်း  ရာဖာဇာဇာ ဆိုရင် သူ့ကို တခြား ရာဖာဇာဇာတစ်ယောက်နဲ့ မိတ်ဆက်ပေးခံရတုန်းက သူ့ရဲ့ ဖြစ်တည်နေမှုကို သံသယဝင်ခဲ့မိတယ် ဆိုပဲ) ။ ဒါပေမယ့် ကျုပ် ကိုယ်ကျုပ်တော့ ဖြူဖတ်ဖြူရော်ဖြစ်နေတဲ့ ဝီလျံဝယ်လ်ဆင် ၊ ဒါမှ မဟုတ် ဒရာမာ အချိုးအကွေ့မပါတဲ့ ဒိုရီယံဂရေး ပုံတူ တစ်ယောက် ဖြစ်လာမယ်လို့ မထင်ထားဘူး ။ သူ့ရဲ့ ဟိုက်ဒ်က နောက်ထပ် ဂျက်ကေးလ်တစ်ယောက် ပြန်ဖြစ်နေတဲ့ ဒေါက်တာဂျက်ကေးလ်အဖြစ် အသွင်ပြောင်းသွားမယ် လို့လည်း မထင်ထားဘူးလေ။

နှင်းဆီဟာ ဘဝ​နေထိုင်​နည်း တစ်​ခုဖြစ်​လာပေမယ့်

"Heroic Roses (1938) " by Paul Klee


"နှင်းဆီဟာ ဘဝ​နေထိုင်​နည်း တစ်​ခုဖြစ်​လာပေမယ့်"

အရိပ်​ထဲမှာ
ဟောင်း​လောင်း​ပေါက်​​တွေအပြည့်​နဲ့
လမ်း​တွေ လိမ့်​ဆင်းသွားတယ်
တနင်္ဂနွေ၊ တနင်္လာ
အထပ်ထပ်လေ့ကျင့်မှု အပြင်ဘက်မှာ ​နေသားတကျ
ခေါင်းငိုက်​စိုက်​နေတဲ့ ကိုယ်လက်အင်္ဂါ။
ခွဲစိတ်​ခန်းမီး​ရောင်​တိမ်​​တိုက်​​တွေဟာ
ခန္ဓာ​ဗေဒကို ဘယ်​လို အုံ့မိုးနားလည်​ထားကြမလဲ
နေရာအနှံ့မှာ လူပုံစံ လေဟာနယ်တွေ ရှိတာကို
မြင်လာရ
နောက်ကျစွာ ၊ မထင်မှတ်စွာ၊
အက်​သွားတဲ့ စန္ဒရားခလုတ်​​သံ​တွေက
အချိန်ကာလကို အလုံအလောက် တုန်ခါစေခဲ့လို့
တကယ်နောက်မကျဘူးလို့ပဲ ယုံမှတ်ရ ၊ ယုံကြည်ရ ..
တဆောင်းလုံးမှာ သံဆူးကြိုးမဆန်အောင်
သံစဉ်တွေသာ ရှုရှိုက်ထုတ်နေနိုင်ခဲ့တယ်လို့
အဲဒီလေဟာနယ်က ... ။
နိုဝင်ဘာ ၊ ဒီဇင်ဘာ
ရောဂါလက္ခဏာနဲ့ လူမှုအရှိတရား​တွေလို
ဖျော်​​ဖြေ​ရေး​တွေက နေ့တွေပေါ်
အဝါရောင်တွေ ပိုမို ဖိတ်စင်စေခဲ့တယ်
အေးစက်ငြိမ့်ညောင်းမှုနဲ့ စိုလက်တောက်ပနေ
နာကျင်​ဝရန်​တာ​တွေပဲ။
အပင်မဖြစ်တော့မယ့် သစ်စေ့တွေထဲမှာ
ဂီတသင်္ကေတနဲ့ လက်ဗွေရာတွေ ပြည့်လာတယ်
မမြင်နိုင်၊ မကြားနိုင်မယ့် ဟိုဘက်စွန်းအရပ်ဆီ
ကိုယ်နေဟန်ထားနဲ့ အချက်ပြ လို ပြ၊
အရိပ်တွေ ၊ အသံတွေက အစ
ဆွဲဆွဲငင်ငင် ဝါကျင်နေတာ
မြင်လို မြင်ခဲ့ရ ...
လေဟာနယ်ချင်း တိုးတိုက်မိတဲ့အခါ
အသံထွက်ခွင့်မရလိုက်တဲ့ အစိုင်အခဲ စိတ်တွေသာ
ပိုမို ကျယ်လောင်လှုပ်ခတ်သွားရတယ်
ဒါ ကိုယ်တို့ ငြင်းပယ်ယူထားတဲ့ လက်တွေ့ဘဝပဲ
အဖြူ အနက် ကန့်သတ်ချက်တွေထဲ
လက်ချောင်းချည်းသက်သက် အသက်လုရှူနေရင်းကပဲ
"ရောက်ရှိနိုင်ပါစေ" လို့
နောက်တစ်ကြိမ် အာရုံစူးစိုက်လိုက်တယ်။ ။

- ဏေသစ်
16/ 11/ 2017
(ရည်ညွှန်း ။ ။ မောင်သိန်းဇော်ကဗျာများ ၊့ပိုင်​ဉာဏ့်​ကဗျာများ ၊  " Your Lie in April " Anime Series )