Friday, January 19, 2018
အချိန်​အခါ​ကောင်းကို ​စောင့်​စားခြင်း
Upward  (1929) by Wassily Kandinsky
အချိန်​အခါ​ကောင်းကို ​စောင့်​စားခြင်း
အချိန်​အခါ​ကောင်းကို ​စောင့်​စားခြင်း​မှာ
မျက်​နှာ ၃ ခု အမြဲတမ်းရှိတယ်​။
 အသံထွက်​တဲ့ ဘက်​၊ အရုပ်​မြင်​ရတဲ့ ဘက်​နဲ့
နောက်​တစ်​​နေ့​နေ့ပဲ ။ပထမတစ်​​ခေါက်​က
 ကြေကွဲစရာ​၊ ​နောက်​တခါမှာ ဟာသ။ ရသခံစားမှုနဲ့
ချဉ်းကပ်​ကြည့်​နိုင်​ဖို့ရာ အဖြစ်​အပျက်
တွေဟာ ဘာလို့ အလုံအ​လောက်​ မရိုးစင်းရသလဲ။
မြို့မှန်​ရင်​ ​ထောင့်​ချိုးတိုင်းမှာ
လူ​သေေ​ကာင်​ အပိုင်းအစ​တွေ မြုပ်​ထားပြီးသားပဲ။
အလိုအ​လျောက်​ အကာအကွယ်​​ပေးနိုင်​မှုနဲ့
မလုံ​လောက်​တဲ့ အခါ အချိန်​အခါ​ကောင်းရဲ့
အခန်းကဏ္ဍဟာ သိသာထင်​ရှားလာတယ်​။
တစ်​ချိန်​ကျရင်​ သားလည်း လူစွမ်း​ကောင်း
ဖြစ်​လာပြီး မြို့ကို ​စောင့်​​ရှောက်​နိုင်​မှာလားလို
ကောင်​​လေးက ​မေး​တော့ "ဒီထက်​ပိုချင်​လည်း
ပိုမှာ​ပေါ့ " လို့ အ​ဖေက အ​ကောင်းမြင်
အဆိုးမြင်​ နှစ်​မျိုးလုံး​ရော​နေတဲ့ ​လေသံနဲ့ ပြန်​​ပြောတယ်။
စ​တေးစရာ​တွေ လိုအပ်​​နေဦးမှာပါတဲ့။
အချိန်​အခါ​ကောင်းဟာ အ​ဖြေမဟုတ်​ဘူး
အချိ​န်​အခါ​ကောင်းဟာ ​မေးခွန်းပဲ ။ ။
- ​ဏေသစ်
14/12/2017
No comments:
Post a Comment