Friday, January 19, 2018

အပြအပြည့်

၁) မှတ်​ဉာဏ်​အ​ကြောင်း

နောက်​ခံပိတ်​ကား အဖြူ​ရောင်​​ဖျော့​ဖျော့​ရှေ့မှ
အဖြူရောင်​ ဝတ်​စုံဝတ်​ထားတဲ့ ​ဖျော့​တော့​တော့
အမျိုးသမီးကြီးတစ်​​ယောက်​ အရွယ်​စုံ၊ ပုံစံစုံ
ကြည့်​မှန်​ချပ်​​တွေကို တစ်​ချပ်​ပြီး တစ်​ချပ်​ ဆွဲထုတ်​ပြီးလာပြလိုက်​ ၊ ပြန်​ထွက်​သွားလို​က်​၊ ​နောက်​မှန်​တစ်​ချပ်​ ထပ်​သယ်​ပြီး ပြန်​လာလိုက်​၊ ​နှေးလိုက်​မြန်​လိုက်
မှန်​​တွေဟာ ​လေး​ထောင့်​ဖြစ်​လိုက်​ တြိဂံဖြစ်​လိုက်​ စက်​ဝိုင်းဖြစ်​လိုက်​ ဘဲဥပုံဖြစ်​လိုက်​ ​သေးလိုက် ကြီးလိုက်​ ။ ။


၂ ) အထီးကျန်တဲ့ အခါ

မီး​ကို ဖွင့်​လို​က်​​တော့​ စင်​​ထောင့်​မှာ ကုတ်​အနက်​အရှည်​နဲ့ လူတစ်​​ယောက်​ ​ခေါင်းငိုက်​စိုက်​နဲ့ ထိုင်​​နေ၊ မျက်​နှာမမြင်​ရ။ လူက​ ​ခေါင်းငုံ့လျက်​သားနဲ့ ကုတ်​ကို ဆွဲဖွင့်​လိုက်​တဲ့ အခါ ခို​တွေ ပျံတက်​လာ။ ခို​တွေ ​ဝေး​ဝေး မပျံနိုင်​။ ခို​ခြေ​ထောက်​​တွေကို ကြိုးနဲ့ ၊ လူရဲ့ ခါးမှာ တွဲချည်​ထား။ တင်းသွားတဲ့ ကြိုး​တွေကို လူက အသာအယာ ပြန်​ဆွဲယူ။ ခို​တွေကို ပြန်​လွှတ်​၊ ကြိုးပြန်​ဆွဲယူ ။ အနည်းဆုံး ခိုတစ်​​ကောင်​ အချိန်​ ကြာကြာ လက်​​လျှော့လာသည်​ အထိ။ ​ခေါင်း အစ အဆုံး ငိုက်​စိုက်​။ ။

၃) Holocaust

ရေဒီယို ​ဟောင်းတစ်​လုံးဆီက ​ချောင်းဆိုးသံ ​တွေ ဆက်​တိုက်​ထုတ်​လွှင့်​​နေ။ ​တစ်​ခုခုကို ​ပြော​နေဆို​နေသလို ​ချောင်းဆိုးသံ​တွေ။ ဆက်​တိုက်​။ စက္ကန့်​သုံးဆယ်​ကြာ ။
အ​နောက်​တိုင်းဝတ်​စုံ အပြည့်​နဲ့ အမျိုးသားတစ်​​ယောက်​စင်​​ပေါ်တက်​လာ။ မျက်​နှာမှာ စက္ကူဖြူတစ်​ရွက်​ကို မျက်​နှာဖုံးလို ကြိုးစည်း တပ်​ထား။ မျက်​လုံး နှာ​ခေါင်း​ပေါက်​မပါ။ စင်​ တစ်​ဖက်​ကလည်း ပုံစံတူ တစ်​​ယောက်​ထပ်​တက်​လာ။ ​ချောင်းဆိုးသံသက်​သက်​နဲ့ စကား​ပြောကြ။ စကား​ပြော​နေပုံ လက်​ဟန်​​ခြေဟန်​မျိုး ​တွေ့ရ။
ပုံစံတူ လူ​တွေ အများကြီး ထပ်​တက်​လာ။ သုံး​ယောက်​တစ်​ဖွဲ့ ​လေး​ယောက်​တစ်​ဖွဲ့ ​ချောင်းဆိုးသံ သက်​သက်​နဲ့ စကား​ပြောကြ။ ​ချောင်းဆိုးသံ​တွေ ပိုကျယ်​လာ၊ အလုအယက်​ ​ပြော​နေကြပုံ​တွေ ​ပေါက်​လာ။ အထူးပြုလုပ်​ချက်​နဲ့  လုပ်​ထားတဲ့ ​ကျယ်​​လောင်​မှုနဲ့ ချောင်းဆိုးသံ​တွေ ဖြစ်​လာ။
ရုတ်​တရက်​ တိတ်​ဆိတ်​ရင်း မီး​တွေ ပိတ်​ကျသွား။ ။
- ​ဏေသစ်
(၃ ၊ ၁ ၊ ၂၀၁၈ )

No comments:

Post a Comment