Tuesday, July 3, 2018

အပြာ​ရောင်​သို့ ​နောက် တစ်ဘဝ

မျက်စိနဲ့ အရသာ မရှိတော့တဲ့ ဘက်ခြမ်းမှာ
နာမည်ပျက်စာရင်းသွင်းခံရတဲ့ မိုးတွေ
ရွာနေုပြီ၊ အပြာရောင်
မင်းအကြိုက်ဆုံး ချောကလက်တွေ
ကုန်သွားချိန်မှာမှ အာကာသခရီးက
အဝေးကြီး

ငါရောက်လာမယ့် အခါ မွှေးမယ့်
သံပုရာတွေလည်း သေနှင့်သွားပြီး
သေတာဟာ အရောင် ၂၇ မျိုးနဲ့
တောက်ပနေတယ်၊ တောက်ပမှုဟာ
မင်း မကြိုက်တဲ့ ချောကလက်တံဆိပ်ပဲ

သေကြောင်းကြံစည်မှုတံဆိပ်နဲ့ ဖျော်ဖြေရေးတွေ
ရောက်လာတယ်။ မင်းတိတ်တဆိတ်
ကြိတ်ရယ်ပြီး အော်ကြီးဟစ်ကျယ် ထိုင်ငိုဖူးတဲ့

Corporation ရုံးခန်းထဲကို ပန်းနုရောင်
လူ အရိုးနမူနာတွေလည်း delivery နဲ့
ရောက်လာတယ်။ မင်းနိမိတ်မြင်မက်ခဲ့တဲ့

တန်ခိုးပြခန်းကို ရေခဲမုန့်ငှက်တွေက
ဝင်ဖျက်ဆီးပြီး၊ လူ့သမိုင်းဟာ
ခုနစ်မိနစ်နဲ့ လေးဆယ့်ရှစ်
စက္ကန့်မှာတင် ပြီးသွားတာ

စက်ယန္တရားကြီးတွေ ငိုသံအူသံကို
ကြားဖူးခဲ့လိုက်တာ မင်းတစ်ယောက်တည်း
မဟုတ်တော့ဘူး အပြာရောင်၊

ဖျားယောင်းနေရင်းက
check mate လို့ ပြောချလိုက်တဲ့

အညှီနံ့ကို ငါ သတိရလာတဲ့ အခါ
ရှင်ပြန်ထမြောက်ဖို့ နီးလာပြီလို့
အရင်လို မင်း ပြောပါ၊ အခု
ဒီမှာ ငါကြောက်နေတဲ့ အချိန်ကာလတွေနဲ့

အချက်လက်ဒေတာတွေပေါ်မှာ ငါတို့ မုန်းပြီး
ငါတို့ကိုလည်း မုန်းတဲ့ နတ်ဒေဝတာတွေ နားနေတာ၊

ပေါက်ကွဲမှူမြင့် ရည်မှန်းချက်နဲ့
ညအိပ်မပျော်ခြင်းကို ချစ်တဲ့ အချစ်

ကျောက်ဖြစ်ရုပ်ကြွင်းတွေ
ရုပ်ထုတွေ လေနဲ့ လွင့်ပျောက်သွားတယ်

အပြာရောင်ရေ၊ မင်းအကြိုက်ဆုံး
ရာဇဝတ်မှုတွေကို ချရေးဖြစ်တုန်းလား
ပြာချဖြစ်ခဲ့တဲ့ မုတ်ဆိတ်တွေလည်း
နှစ်သစ်ကူးပွဲတော်တွေထဲ လျှောက်ရမ်းနေမယ်

လူယောင်ဖန်ဆင်းထားတဲ့
ခေါင်းကိုက်ခြင်းဝေဒနာတွေနဲ့
အဲဒီမှာ မိုးရွာ နေမယ်

ငါတို့ဘက်က တတ်နိုင်တာကလည်း
ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း

အံ့သြပြရုံပဲ မဟုတ်လား

အပြာရောင်ရေ ... ။ ။

- ဏေသစ်
၂၆/၀၃/၂၀၁၈

No comments:

Post a Comment