Tuesday, July 3, 2018

တစ်​မနက်​မှာ အိပ်​ရာက နိုးလာပြီး

သူစိမ်းတစ်​​ယောက်​​ ပိုး​ကောင်​တစ်​​ကောင် တကယ်​ဖြစ်​မလာခဲ့တဲ့ ပါးစပ်​​ပြော ကမ္ဘာပျက်​ကပ်​တစ်​ခုအ​နေနဲ့ ဘဝကို ဆက်​လက်​ ဖြတ်​သန်းရဖို့ ဖြစ်​လာ​မယ်​ ဆိုပါစို့ တဲ့ ။
ဘယ်​သူ​တွေ ဘယ်​လို ​ပြောခဲ့ ​ပြောခဲ့ ​ကြေကွဲကို မ​မေ့နိုင်​ပါဘူး ​၊ အပြင်​မှာ ရွာ​နေတဲ့ မိုး​တွေဟာ ပြီးခဲ့တဲ့ တစ်​​ခေတ်​တစ်​နှစ်​က ရွာရမယ့်​ အစား ရ​ထား​တွေ အချိန်​လွဲ သလို လွဲပြီး ​နောက်​ကျမှ ​ရောက်​လာတာလို့ ​ကြေကွဲ မ​ပြောခဲ့ပါဘူး၊ အဲဒီအစား ​ပျောက်​ပဲ ​ပျောက်​သွားခဲ့တာ ... ဒါ​ပေမဲ့ လူဟာ ကျိန်​စာ​တွေ အိမ်​စာ​တွေနဲ့ ပတ်​သက်​​နေရမယ့်​ အဖြစ်​ကို ငြင်းဆန်​လို့ မရပြန်​ပါဘူးတဲ့ ၊ ​ကြေကွဲဟာ အစအဆုံး ​ပျောက်​ပဲ ​ပျောက်​​နေတယ်​၊ တစ်​ခုခုကြီးသာ တကယ်​ ရှိ​နေရင်​ အဲဒီတစ်​ခုခုဟာ မိုးနဲ့ ပိုး​ကောင်​​တွေနဲ့ ကျိန်​စာ​တွေ အိမ်​စာ​တွေနဲ့ ရှိ​နေရဦးမှာ၊ ခေါင်းထဲမှာ အငွေ့တွေ ၊ ​ခေါင်းထဲက အ​ငွေ့​တွေကို မမြင်​နိုင်​ခဲ့ဘူးဆိုတာကလည်း ရထားအဆူဆူရဲ့ အပြစ်​မှ မဟုတ်​ဘဲ၊ အစုအစည်း​တွေဟာ ခန္ဓာကိုယ်​ထဲ တိုးဝင်​ရှင်​သန်​​နေတာ လူ့အသိုင်းအဝိုင်းတစ်​ခုလုံးက ​ဟောဒီမှာ​ပဲ​လေ...​ကြေကွဲသာ ရှိ​နေရင်​ ကပ်​ဆိုး​တွေ တကယ်​ဖြစ်​မလာခဲ့တာ ဆန်းမှ မဆန်းပဲ ၊ လိုလည်း မလိုအပ်​ဘဲ လို့ ​ပြောမှာပဲ၊ ​ကြေကွဲလည်း တကယ်​ ရှိ​နေရင်​​ပေါ့ တဲ့ ။ ။

- ​ဏေသစ်
25/06/18

No comments:

Post a Comment