Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Friday, April 12, 2019
မြစ်စောင့်နတ်
( ဒီစာတန်းကို ဖတ်လို့ ရမယ်ဆိုရင် Unicode နဲ့ ရေးထားတာကို အောက်မှာ ဖတ်နိုင်ပါတယ်)
 မြစ်စောင့်နတ်
အရေးကြီးပါတယ်။ မျိုးစိတ်သစ်တို့ဟာ
မှတ်ဉာဏ်များပါပဲ။ အော်သံတွေကို
သူ ကြည့်နေတတ်ပါပြီ။
ဒါ မြစ်စောင့်နတ်ပါပဲ ။ ။
- ဏေသစ်
၂၃/၁၂/၂၀၁၈
---------------------------------------------------------------------
 မြစ်စောင့်နတ်
အရာရာဟာ သူ့ဆီကပဲ လာခဲ့တယ်
ခင်မင်သူတွေ သေလွန်ပြီးလို့ နှစ် ထောင်ချီလွန်ခဲ့ပေမယ့်
မြင်နေရတဲ့ ကာလဟာ ဘဝနဲ့ တဆက်တည်း။
တစ်ခုခုကို မေးပေမယ့် အဖြေပြန်မရတဲ့ အခါမျိုးတွေမှာ
ကိုးကွယ်သူတို့ အလွန် နေ့တွေ ရောက်လာတာကို
သတိရဖို့ဟာ တကိုယ်တာ နေထိုင်မှုအတွက်
အရေးကြီးပါတယ်။ မျိုးစိတ်သစ်တို့ဟာ
သူ မပိုင်တော့သော သဲသောင်ကြေမွပမာ
မှတ်ဉာဏ်များပါပဲ။ အော်သံတွေကို
ဘုရားမှာ တခါ လှူပြီးခဲ့တာ ဘယ်သောအခါမှ
ပြန်လည်ပြင်ဆင်မရ၊ တစ်ခုသော ဘဝက
ဆည်းလည်းတွေ လှုပ်ခတ်စေတဲ့ တိုက်လေဟာ
အဖြစ်ပျက်ဟောင်းတွေထဲက အသံတွေကိုသာ
ရွေးချယ်နုတ်ယူသွားပြီး မြင်ကွင်းချည်း
ချန်ထားခဲ့တာကိုလည်း တားမရ။
စောင့်ရှောက်ရသော မြစ်ဟာ နေပုံထိုင်နည်းကို
ညွှန်ကြားတယ်ဆိုပေမယ့်လည်း ကိုယ့်ဖက်က
အနက်ကောက်ဖို့ကို အားထုတ်ရပြန်ပါတယ်။
ဥပမာအားဖြင့် မြစ်သည် ယူတာတွေကို
ပြန်မပေးတတ်တာမို့ မြစ်စောင့်နတ်အဖြစ်က
ပါးလျလာရတာမျိုး။ သို့သော် ဒါတွေ ဖြစ်ပြီးသည့်တိုင်
အပြီးသတ် မပျက်ပြယ်သွားနိုင်ခဲ့တာ။
တစ်ခုသော နယ်မြေလု စစ်ပွဲငယ်တစ်ခုမှာ
နတ်ကွန်းပြိုကျသွားရာကစ ရာစုခုနှစ်ခုတိုင်တိုင်
မြင်ကွင်းသက်သက် မှတ်ဉာဏ်တွေမှာ
တလှည့်စီနေထိုင်ခဲ့ရတယ် ဆိုပေမယ့်
ဒါတွေသည်လည်း ရေစီးတွေထက် မပိုလှ။
အခုထက် ပို လိုချင်လို့ မရတာနဲ့ အခုထက် လျော့
လိုချင်လို့ မရတာနှစ်ခုမှာ သက်တမ်းနှစ်ခုစာ
တပြိုင်တည်းနေထိုင်ခဲ့ပြီးသူမှသာ အဖြစ်အပျက်တချို့ကို
ပြန်ဖော်ပြနိုင်မယ်၊ ဒါသည်လည်း အခွင့်ကြုံမှပါပဲ။
ခုဆို အသံမဲ့တဲ့ ဘုံဘဝရဲ့ မြစ်ကမ်းနဖူးမှာ
မြစ်စောင့်နတ် ရှိနေတတ်ပြီ။ နှစ်ပေါင်းထောင်ချီ
မှတ်ဉာဏ် အစိတ်အပိုင်းတို့သည် တစက္ကန့်ပြီး
တစက္ကန့်၊ တရက်ပြီးတရက် သူ့ဆီမှ
ထွက်ခွာသွားတာ၊ ဒီအစိတ်အပိုင်းတွေကမှ
ဝတ်ပြုဆက်ကပ်ခြင်းမရှိ သက်ရှိ အသစ်တွေ
ပေါက်ဖွားလာနေတာကို နေဝင်ချိန်များလို
သူ ကြည့်နေတတ်ပါပြီ။
ဒါ ကိုးကွယ်သူတို့ အလွန်၊ အသံနဲ့
မှတ်ဉာဏ်များ အလွန် နေ့တွေဆီကပါပဲ၊
ဒါ မြစ်စောင့်နတ်ပါပဲ ။ ။
- ဏေသစ်
၂၃/၁၂/၂၀၁၈
Tuesday, July 3, 2018
တစ်​မနက်​မှာ အိပ်​ရာက နိုးလာပြီး
သူစိမ်းတစ်​​ယောက်​​ ပိုး​ကောင်​တစ်​​ကောင် တကယ်​ဖြစ်​မလာခဲ့တဲ့ ပါးစပ်​​ပြော ကမ္ဘာပျက်​ကပ်​တစ်​ခုအ​နေနဲ့ ဘဝကို ဆက်​လက်​ ဖြတ်​သန်းရဖို့ ဖြစ်​လာ​မယ်​ ဆိုပါစို့ တဲ့ ။
အပြာ​ရောင်​သို့ ​နောက် တစ်ဘဝ
မျက်စိနဲ့ အရသာ မရှိတော့တဲ့ ဘက်ခြမ်းမှာ
နာမည်ပျက်စာရင်းသွင်းခံရတဲ့ မိုးတွေ
ရွာနေုပြီ၊ အပြာရောင်
သူမဟာ ပင်လယ်
သူမဟာ ပင်လယ်
Friday, January 19, 2018
ကိုယ်​သာ အချစ်​ကဗျာဆရာတစ်​​ယောက်​ ဆိုပါ​တော့
ကိုယ်​သာ အချစ်​ကဗျာဆရာတစ်​​ယောက်​ ဆိုပါ​တော့
အချိန်​အခါ​ကောင်းကို ​စောင့်​စားခြင်း
Upward  (1929) by Wassily Kandinsky
အချိန်​အခါ​ကောင်းကို ​စောင့်​စားခြင်း
အချိန်​အခါ​ကောင်းကို ​စောင့်​စားခြင်း​မှာ
မျက်​နှာ ၃ ခု အမြဲတမ်းရှိတယ်​။
 အသံထွက်​တဲ့ ဘက်​၊ အရုပ်​မြင်​ရတဲ့ ဘက်​နဲ့
နှင်းဆီဟာ ဘဝ​နေထိုင်​နည်း တစ်​ခုဖြစ်​လာပေမယ့်
"Heroic Roses (1938) " by Paul Klee
"နှင်းဆီဟာ ဘဝ​နေထိုင်​နည်း တစ်​ခုဖြစ်​လာပေမယ့်"
အရိပ်​ထဲမှာ
ဟောင်း​လောင်း​ပေါက်​​တွေအပြည့်​နဲ့
လမ်း​တွေ လိမ့်​ဆင်းသွားတယ်
တနင်္ဂနွေ၊ တနင်္လာ
အထပ်ထပ်လေ့ကျင့်မှု အပြင်ဘက်မှာ ​နေသားတကျ
ခေါင်းငိုက်​စိုက်​နေတဲ့ ကိုယ်လက်အင်္ဂါ။
ခွဲစိတ်​ခန်းမီး​ရောင်​တိမ်​​တိုက်​​တွေဟာ
ခန္ဓာ​ဗေဒကို ဘယ်​လို အုံ့မိုးနားလည်​ထားကြမလဲ
နေရာအနှံ့မှာ လူပုံစံ လေဟာနယ်တွေ ရှိတာကို
မြင်လာရ
နောက်ကျစွာ ၊ မထင်မှတ်စွာ၊
အက်​သွားတဲ့ စန္ဒရားခလုတ်​​သံ​တွေက
အချိန်ကာလကို အလုံအလောက် တုန်ခါစေခဲ့လို့
တကယ်နောက်မကျဘူးလို့ပဲ ယုံမှတ်ရ ၊ ယုံကြည်ရ ..
တဆောင်းလုံးမှာ သံဆူးကြိုးမဆန်အောင်
သံစဉ်တွေသာ ရှုရှိုက်ထုတ်နေနိုင်ခဲ့တယ်လို့
အဲဒီလေဟာနယ်က ... ။
နိုဝင်ဘာ ၊ ဒီဇင်ဘာ
ရောဂါလက္ခဏာနဲ့ လူမှုအရှိတရား​တွေလို
ဖျော်​​ဖြေ​ရေး​တွေက နေ့တွေပေါ်
အဝါရောင်တွေ ပိုမို ဖိတ်စင်စေခဲ့တယ်
အေးစက်ငြိမ့်ညောင်းမှုနဲ့ စိုလက်တောက်ပနေ
နာကျင်​ဝရန်​တာ​တွေပဲ။
အပင်မဖြစ်တော့မယ့် သစ်စေ့တွေထဲမှာ
ဂီတသင်္ကေတနဲ့ လက်ဗွေရာတွေ ပြည့်လာတယ်
မမြင်နိုင်၊ မကြားနိုင်မယ့် ဟိုဘက်စွန်းအရပ်ဆီ
ကိုယ်နေဟန်ထားနဲ့ အချက်ပြ လို ပြ၊
အရိပ်တွေ ၊ အသံတွေက အစ
ဆွဲဆွဲငင်ငင် ဝါကျင်နေတာ
မြင်လို မြင်ခဲ့ရ ...
လေဟာနယ်ချင်း တိုးတိုက်မိတဲ့အခါ
အသံထွက်ခွင့်မရလိုက်တဲ့ အစိုင်အခဲ စိတ်တွေသာ
ပိုမို ကျယ်လောင်လှုပ်ခတ်သွားရတယ်
ဒါ ကိုယ်တို့ ငြင်းပယ်ယူထားတဲ့ လက်တွေ့ဘဝပဲ
အဖြူ အနက် ကန့်သတ်ချက်တွေထဲ
လက်ချောင်းချည်းသက်သက် အသက်လုရှူနေရင်းကပဲ
"ရောက်ရှိနိုင်ပါစေ" လို့
နောက်တစ်ကြိမ် အာရုံစူးစိုက်လိုက်တယ်။ ။
- ဏေသစ်
16/ 11/ 2017
(ရည်ညွှန်း ။ ။ မောင်သိန်းဇော်ကဗျာများ ၊့ပိုင်​ဉာဏ့်​ကဗျာများ ၊  " Your Lie in April " Anime Series )
Tuesday, September 26, 2017
ကိုယ့် စာသားနဲ့ သူတပါးရဲ့ ခေါင်းစဉ်
[ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ခင်မင်ရင်းနှီးသူ ကဗျာဆရာ မိတ်ဆွေတချို့ကို အကူအညီတောင်းပြီး ကိုယ့်ကိုယ်ကို assignment တစ်ခု ပေးကြည့်ဖြစ်ပါတယ်။ သူတို့ ပေးလာတဲ့ ကဗျာ ခေါင်းစဉ်တွေနဲ့ ကဗျာရေးကြည့်ဖို့ ကြိုးစားတာပါ။ အခုတောင် အကုန်လုံး ရေးလို့ မပြီးသေးပါဘူး ]
အခြားအရာများ
“ ဥယျာဉ်​ကို ပျိုးထောင်​ခြင်းဆိုတာ မနက်ဖြန်ကို ယုံကြည်ခြင်းပဲ “ - အမန်နာ ကိုလိုနီ ၊ အိုင်အိုးဝါး ၊ စက်တင်ဘာ ၁၄။
ပန်းအိုးထဲ စိုက်ပြီးသား အပင်​ကို ဝယ်လာခြင်း​ဆိုတာ အယုံအကြည်မရှိခြင်းနဲ့ လိုအပ်ချက်ရှိခြင်း နှစ်​ခုလုံးကို ဝန်ခံခြင်းပဲ။ နေ့တိုင်းဖြစ်ဖြစ်၊ သတိရတဲ့ တစ်ခါတစ်ခါ ဖြစ်ဖြစ် ရေထလောင်းပြီး အရွက်တွေ ငိုက်စိုက်ကျလာတာဟာ သူ့ဟာနဲ့ သူ​တော့ အချစ်နဲ့ နီးစပ် တာပဲ။
ခွက်ရဲ့ ရှေ့မှာ
ရေပိုက်ခေါင်းက ရေကျသံကြောင့် ကိုယ်နိုးလာတဲ့ အခါ
ကိုယ့် ရှေ့မှာ သုံးပြီးသားကော်ဖီစစ် စက္ကူတွေပဲ ရှိနေ
နောက်ထပ်ကမ္ဘာမှာ ရှိတဲ့ စိုက်ခင်းတစ်ခုဆီက အသစ်တွေ
အတွင်းခံ
အတွင်းခံတွေအကြောင်း စဉ်းစားရင်းနဲ့
မနေ့ညက ကောင်းကောင်း အိပ်မပျော်ဘူး
အတွင်းခံတွေ အကြောင်း
ဒြပ်မဲ့ဆန်ဆန် အချိန်ယူ စဉ်းစားဖူးလား
ကျ​နော်​ ဘာ​ကြောင့်​ ​လေယာဉ်​ပျံ မဟုတ်
ကျ​နော်​က ​လေယာဉ်​ပျံ မဟုတ်​ဘူး၊ မီးရထားပဲ
ဘာလို့လဲ ၊ ကျ​နော့်​ကိုယ်​ ကျ​နော်
လေယာဉ်​ပျံဖြစ်​သင့်​တယ်​ ထင်​​နေတာ
သစ်​သီး​နေ့
အပျံသင်​ချိန်​​မှာ ဆိုရမယ့်​ သီချင်းလို့
ဘဝကို ရိုးစင်း​စေခိုင်းထားတဲ့ ရူးသွပ်​မှု
ကုတ်အင်္ကျင်္ီ
 မျိုးဆက်​တစ်​ခု၏ ရှုံးနိမ့်​ခဲ့မှုမှသည်​ ​နောက်​တစ်​ခုအတွက်​  တာဝန်​မကင်း​​စေသော ဆောင်းဥတုရှည်​လို ဟာလာဟင်းလင်းနှစ်​များ ဆိုက်​​ရောက်​လာသည့်​ ပရိသတ်​ကို ခပ်​ပါးပါး​ပြက်​ရယ်​ပြုသည့်​ တစ်​ချိန်​တည်းမှာ ကိုယ့်​ကိုယ်​ကို ပို အပြင်းအထန်​ ​လှောင်​ရယ်​​နေခဲ့​သော လူပြက်​​ ဇာတ်​စင်​​ အတက်​အဆင်း နှင်း​များ လမ်း ​ထောင့်​တစ်​​နေရာရာမှ ဘဝကို ပြန်​လိုချင်​ဟန်​ ရှိ​နေ​သော တ​စ္ဆေလို အထီးကျန်​မှုနှင့်​ ကုတ်​အင်္ကျီသည်​ ဒီဘက်​နှစ်​​များအ​ပေါ် အုံ့မိုး​နေခဲ့ပုံ ။ ။
ဏေသစ်
[ ရည်​ညွှန်း ။ ။ ကျွန်​မပညာသည်​ (ကြည်​​အေး) ၊ The Overcoat (Nikolai Gogol)/ ကုတ်​အင်္ကျီ (လင်း​ဝေမြိုင်​ - ဘာသာပြန်​) ၊Myawaddy Diaries 53 (AUNG KHIN MYINT) ]
Friday, July 22, 2016
မိုးညများ
မိုး
ရေ
တွေ
တစ်
စက်
နဲ့
တစ်
စက်
ဆက်
သွား
ပြီး လိုင်းတွေဖြစ်လာတယ်။ ခုံးထရုန်းကြွလာတဲ့ လှိုင်းတွေ။
Saturday, June 25, 2016
အင်း
“ အင်း “
*Culture Shock ဆိုတဲ့ စာအုပ်အရ
ဖီလစ်ပီနိုတွေရဲ့ ဓလေ့ထုံးတမ်းနဲ့ လောကဝတ်ဆိုင်ရာ
လမ်းညွှန်တစ်ခု၊ ကျွန်မ ယောက်ျားက “အင်း” လို့ ပြောတဲ့အခါ
သူက အောက်ပါအချက်တွေထဲက တစ်ခုခုကို ဆိုလိုတာလည်း ဖြစ်နိုင်တယ်
Saturday, January 23, 2016
Fairy Tales.
Fairy Tale.
နောက်ဆုံးတော့ အချိန် ကျ ပြီ
ကျွန်မ
တို့ မွေးထားတဲ့
မွန်းစတားတွေ အရွယ်ရောက်လာပြီး
ပိုင်ဉာဏ်ရဲ့ ဘာသာပြန်မှုနဲ့ [ Untitled ]
[ Untitled ]
ငါ့ မကောင်းမှုတွေအတွက် ဘယ်သူမှ ပြန်မပေးဆပ်ရဘူး။ ငါ့ဟာသကို နားမလည်သူတွေရဲ့ အောက်ဆီဂျင်ပိုက်ကို အကောင်းဆုံး recycle လုပ်နိုင်ဖို့ ငါ စဉ်းစားတယ်။ ကယ်ဆယ်ခြင်းမခံရတဲ့ နှလုံးသားတွေအတွက်
Thursday, October 15, 2015
အသုဘ ဘယ်နှစ်ခု လိုက်ပို့ဖူးလဲ
အသုဘ ဘယ်နှစ်ခုလိုက်ပို့ဖူးလဲ။ဘယ်အသက်အရွယ်ထိ အသက်ရှင်ရရင် တော်ပြီ ပျော်ပြီ လို့ တွေးထားလဲ။မင်း အရမ်းချစ်တဲ့ ပထမဆုံး အိမ်မွေးတိရစ္စာန်လေး ပျောက်သွား/သေသွားတုန်းက မင်း အသက် ဘယ်လောက်လဲ။တချို့လူတွေကို မင်းထက် ပို မျက်နှာသာ ပေးတယ်လို့ ခံစားရတဲ့ ငယ်ဆရာ/ဆရာမ နာမည်က ဘယ်သူတဲ့လဲ။ မှတ်မိတဲ့ အထဲက မင်း အစောဆုံး ဆိုးဆိုးရွားရွား နာမကျန်းဖြစ်တာ ဘယ်တုန်းကလဲ။
Tuesday, July 28, 2015
မီးပျက်သွားတဲ့ အခါ
မီးပျက်သွားတဲ့ အခါ
မီးခြစ်ဆံဗူးကို လက်နဲ့ လျှောက်စမ်းနေရင်းနဲ့
ပျော့ဖတ်ပူနွေးနေတဲ့ လူ မျက်နှာတစ်ခုကို နံရံမှာ စမ်းမိတယ်
ဟောဒီမှာ ဆံပင် ဖားလျား
ဒါက မျက်လုံး ဒါက နှာခေါင်းရိုး