Saturday, January 23, 2016

ပိုင်ဉာဏ်ရဲ့ ဘာသာပြန်မှုနဲ့ [ Untitled ]

[ Untitled ]

ငါ့ မကောင်းမှုတွေအတွက် ဘယ်သူမှ ပြန်မပေးဆပ်ရဘူး။ ငါ့ဟာသကို နားမလည်သူတွေရဲ့ အောက်ဆီဂျင်ပိုက်ကို အကောင်းဆုံး recycle လုပ်နိုင်ဖို့ ငါ စဉ်းစားတယ်။ ကယ်ဆယ်ခြင်းမခံရတဲ့ နှလုံးသားတွေအတွက်

Monday, November 16, 2015

ကျွန်တော်မသိဘဲ မိုးတွေ ရွာသွားတယ် မကြည်ဖြူ

(၁)
အဲဒီအရပ်မှာ မိုးတွေ ရွာနေလား … မကြည်ဖြူ … ။ ဒီမှာတော့ အရမ်းပဲ … သည်းလို့မည်းလို့။
အကြောင်းတိုက်ဆိုင်မှ ပြောပြရမယ် မဟုတ်ပေမယ့် တိုက်ဆိုင်လို့ ပြောပြချင်တာ တစ်ခုက နောက်တစ်ခါ မိုးတွေထပ်ရွာရင်လည်း အခုအကြောင်းတွေပဲ စဉ်းစားမိဦးမယ် ထင်တယ်။
တစ်ယောက်ကို တစ်ယောက် နာမည်မှားခေါ်လိုက်ဖို့ သိပ်ကို လွယ်ကူတဲ့ အခုလို နှစ်တွေမှာ ကျနော်တို့ တွေ့ခဲ့၊ လွဲခဲ့ကြတဲ့ အကြောင်း။

Thursday, October 15, 2015

အသုဘ ဘယ်နှစ်ခု လိုက်ပို့ဖူးလဲ



အသုဘ ဘယ်နှစ်ခုလိုက်ပို့ဖူးလဲ။ဘယ်အသက်အရွယ်ထိ အသက်ရှင်ရရင် တော်ပြီ ပျော်ပြီ လို့ တွေးထားလဲ။မင်း အရမ်းချစ်တဲ့ ပထမဆုံး အိမ်မွေးတိရစ္စာန်လေး ပျောက်သွား/သေသွားတုန်းက မင်း အသက် ဘယ်လောက်လဲ။တချို့လူတွေကို မင်းထက် ပို မျက်နှာသာ ပေးတယ်လို့ ခံစားရတဲ့ ငယ်ဆရာ/ဆရာမ နာမည်က ဘယ်သူတဲ့လဲ။ မှတ်မိတဲ့ အထဲက မင်း အစောဆုံး ဆိုးဆိုးရွားရွား နာမကျန်းဖြစ်တာ ဘယ်တုန်းကလဲ။

Wednesday, August 19, 2015

အခြားပုံပြင်များ

                                                             Artwork by Alyssa Rolen


ဘုရားသခင်အသစ် 
    ဘုရားသခင်ဟာ ဘုရားသခင် အသစ်ကို ဖန်ဆင်းလိုက်တယ်။ သွက်လက်တက်ကြွနေတဲ့ ဘုရားသခင်အသစ်ဟာ နေရာအနှံ့ လျှောက်သွားပြီး ချစ်ခြင်းမေတ္တာအသစ်၊ မျက်လုံးအသစ်တွေနဲ့ ကမ္ဘာအဟောင်းကို ကြည့်တယ်။ ဘုရားသခင်အသစ်ဟာ စက်ရုံမီးခိုးတွေကနေ သက်တန့်ကို ဖန်ဆင်းတယ်။ ကျီးငှက်အော်သံကနေ ငွေကြေးကို ဖန်ဆင်းတယ်။ အိပ်ရေးပျက်ညတွေကနေ အပြုံးကို ဖန်ဆင်းတယ်။ လူအမျိုးသမီးရဲ့ ခြေလှမ်းတွေကနေ ရေတံခွန်ကို ဖန်ဆင်းတယ်။ ဘုရားသခင်အသစ်ဟာ သိပ္ပံပညာကို တစ်ဖက်တစ်လမ်းက လေ့လာတယ်။ ကဗျာရေးဖို့ ရည်ရွယ်ရင်းစွဲ ရှိပေမယ့် ခဲတံကို ကောက်ကိုင်လိုက်တိုင်း ဒီလောက်အလိုအပ်ကြီးမဟုတ်တာ တွေးမိပြီး ပြုံးတော်မူတယ်။ (အပြုံးထဲမှာ အိပ်ရေးပျက်ညတွေရှိတာ သင်မမေ့ပါနဲ့) ။

Tuesday, July 28, 2015

မီးပျက်သွားတဲ့ အခါ


မီးပျက်သွားတဲ့ အခါ

မီးခြစ်ဆံဗူးကို လက်နဲ့ လျှောက်စမ်းနေရင်းနဲ့
ပျော့ဖတ်ပူနွေးနေတဲ့ လူ မျက်နှာတစ်ခုကို နံရံမှာ စမ်းမိတယ်
ဟောဒီမှာ ဆံပင် ဖားလျား
ဒါက မျက်လုံး ဒါက နှာခေါင်းရိုး

Sunday, July 26, 2015

အားလပ်ရက်

အားလပ်ရက်

မီးပွိုင့်မှာ သုံးခါဆက်တိုက်မီးနီ မိနေတဲ့ ဖုတ်သွင်းရထားထဲက
ဇွမ်ဘီဖုတ်ကောင်တွေ ဆင်းလာပြီး "brains … brains "နဲ့
လမ်း ဆက်လျှောက်သွားကြတယ်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆိုတာ

Sunday, July 5, 2015

သေသူတွေအကြောင်း လုံးဝ မပြောရ (ကဗျာဘာသာပြန်)


"သေသူတွေ အကြောင်း လုံးဝ မပြောရ " 


“သင်းတို့က ကျုပ်တို့တွေကို မြေမြုပ်ပစ်ဖို့ ကြိုးစားကြသတဲ့လေ။
ကျုပ်တို့က သစ်စေ့တွေဆိုတာ သင်းတို့မှ မသိကြပဲ “
-       မက်ဆီကန် စကားပုံ