Tuesday, September 26, 2017

အတွင်းခံ



အတွင်းခံတွေအကြောင်း စဉ်းစားရင်းနဲ့
မနေ့ညက ကောင်းကောင်း အိပ်မပျော်ဘူး
အတွင်းခံတွေ အကြောင်း
ဒြပ်မဲ့ဆန်ဆန် အချိန်ယူ စဉ်းစားဖူးလား

ကျ​နော်​ ဘာ​ကြောင့်​ ​လေယာဉ်​ပျံ မဟုတ်

ကျ​နော်​က ​လေယာဉ်​ပျံ မဟုတ်​ဘူး၊ မီးရထားပဲ
ဘာလို့လဲ ၊ ကျ​နော့်​ကိုယ်​ ကျ​နော်
လေယာဉ်​ပျံဖြစ်​သင့်​တယ်​ ထင်​​နေတာ

#SceneX


(၁) ​ခေါင်း

က​လေးမ​လေးက ကတ်​ထူဘူးကို ဆွဲ အဖွင့်​ ၊
ဘူးထဲက ​လူဦး​ခေါင်းပြတ်​​တွေ မိုးပျံပူ​ဖောင်း​တွေလို အစီအရီ ပျံတက်​လာ။
ခေါင်းတိုင်းမှာ ပြုံး​နေတဲ့ မျက်​နှာနဲ့။
ခေါင်းနဲ့ ဘူး ခွံကို ချိတ်​ဆက်​ထားတဲ့ ကြိုး​တွေမှာ အနီ​ရောင်​ဟာ ​ဆွေးထင်း​နေ ။ ။

သစ်​သီး​နေ့


အပျံသင်​ချိန်​​မှာ ဆိုရမယ့်​ သီချင်းလို့
ဘဝကို ရိုးစင်း​စေခိုင်းထားတဲ့ ရူးသွပ်​မှု

ကုတ်အင်္ကျင်္ီ

 မျိုးဆက်​တစ်​ခု၏ ရှုံးနိမ့်​ခဲ့မှုမှသည်​ ​နောက်​တစ်​ခုအတွက်​  တာဝန်​မကင်း​​စေသော ဆောင်းဥတုရှည်​လို ဟာလာဟင်းလင်းနှစ်​များ ဆိုက်​​ရောက်​လာသည့်​ ပရိသတ်​ကို ခပ်​ပါးပါး​ပြက်​ရယ်​ပြုသည့်​ တစ်​ချိန်​တည်းမှာ ကိုယ့်​ကိုယ်​ကို ပို အပြင်းအထန်​ ​လှောင်​ရယ်​​နေခဲ့​သော လူပြက်​​ ဇာတ်​စင်​​ အတက်​အဆင်း နှင်း​များ လမ်း ​ထောင့်​တစ်​​နေရာရာမှ ဘဝကို ပြန်​လိုချင်​ဟန်​ ရှိ​နေ​သော တ​စ္ဆေလို အထီးကျန်​မှုနှင့်​ ကုတ်​အင်္ကျီသည်​ ဒီဘက်​နှစ်​​များအ​ပေါ် အုံ့မိုး​နေခဲ့ပုံ ။ ။

ဏေသစ်
[ ရည်​ညွှန်း ။ ။ ကျွန်​မပညာသည်​ (ကြည်​​အေး) ၊ The Overcoat (Nikolai Gogol)/ ကုတ်​အင်္ကျီ (လင်း​ဝေမြိုင်​ - ဘာသာပြန်​) ၊Myawaddy Diaries 53 (AUNG KHIN MYINT) ]

အခြားပုံပြင်များ ( တစ်ခါတုန်းက တစ်နေရာရာမှာ)

၁) ကော်ဖီ



ဟိုးရှေးရှေးတုန်းက ကော်ဖီသောက်တာဟာ ပြစ်မှုမြောက်တဲ့ ခေတ်တစ်ခေတ် ရှိဖူးတယ်။ အကြောင်းရင်းကတော့ ကော်ဖီဟာ အလွန်မွန်မြတ်စင်ကြယ်တဲ့ သောက်သုံးစရာ တစ်ခုဖြစ်ပြီး လူသားတွေ သောက်ဖို့ မထိုက်တန်ဘူးလို့ သဘောထားကြလို့ပဲ။ နတ်ကွန်းတွေမှာ နတ်တွေကို ပူဇော်ပသစရာ ပစ္စည်းတစ်ခု အနေနဲ့ပဲ ထားတယ်။

Wednesday, September 14, 2016

အချိုး

သို့/

          ကိုယ့်မှာ အာမေဋိတ်တစ်ခု ရှိခဲ့တယ်။ အဲဒီ အာမေဋိတ်ဟာ မချစ်မနှစ်သက်သူနဲ့ အိမ်ထောင်ကျပြီး ရာသက်ပန်ဘဝအထိ အရိုးထုတ်သွားတယ်။ ကိုယ့်မှာ ရွက်သင်္ဘော တစ်စီး ရှိခဲ့တယ်။ အဲဒီရွက်သင်္ဘောဟာ သူ့ကိုယ်သူ ဆပ်ပြာပူဖောင်းပါလို့ ယုံကြည်နေခဲ့ပြီး ၊ တစ်နေ့နေ့ရဲ့ တစ်နေရာရာမှာ တစ်ခုခုနဲ့ တိုက်မိပြီး ဖောက်ခနဲ .... ။ ကိုယ့်မှာ မင်း ရှိခဲ့တယ် ။