၁) မှတ်ဉာဏ်အကြောင်း
နောက်ခံပိတ်ကား အဖြူရောင်ဖျော့ဖျော့ရှေ့မှာ
အဖြူရောင် ဝတ်စုံဝတ်ထားတဲ့ ဖျော့တော့တော့
အမျိုးသမီးကြီးတစ်ယောက် အရွယ်စုံ၊ ပုံစံစုံ
ကြည့်မှန်ချပ်တွေကို တစ်ချပ်ပြီး တစ်ချပ် ဆွဲထုတ်ပြီးလာပြလိုက် ၊ ပြန်ထွက်သွားလိုက်၊ နောက်မှန်တစ်ချပ် ထပ်သယ်ပြီး ပြန်လာလိုက်၊ နှေးလိုက်မြန်လိုက်
မှန်တွေဟာ လေးထောင့်ဖြစ်လိုက် တြိဂံဖြစ်လိုက် စက်ဝိုင်းဖြစ်လိုက် ဘဲဥပုံဖြစ်လိုက် သေးလိုက် ကြီးလိုက် ။ ။