[ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ခင်မင်ရင်းနှီးသူ ကဗျာဆရာ မိတ်ဆွေတချို့ကို အကူအညီတောင်းပြီး ကိုယ့်ကိုယ်ကို assignment တစ်ခု ပေးကြည့်ဖြစ်ပါတယ်။ သူတို့ ပေးလာတဲ့ ကဗျာ ခေါင်းစဉ်တွေနဲ့ ကဗျာရေးကြည့်ဖို့ ကြိုးစားတာပါ။ အခုတောင် အကုန်လုံး ရေးလို့ မပြီးသေးပါဘူး ]
Tuesday, September 26, 2017
အခြားအရာများ
“ ဥယျာဉ်ကို ပျိုးထောင်ခြင်းဆိုတာ မနက်ဖြန်ကို ယုံကြည်ခြင်းပဲ “ - အမန်နာ ကိုလိုနီ ၊ အိုင်အိုးဝါး ၊ စက်တင်ဘာ ၁၄။
ပန်းအိုးထဲ စိုက်ပြီးသား အပင်ကို ဝယ်လာခြင်းဆိုတာ အယုံအကြည်မရှိခြင်းနဲ့ လိုအပ်ချက်ရှိခြင်း နှစ်ခုလုံးကို ဝန်ခံခြင်းပဲ။ နေ့တိုင်းဖြစ်ဖြစ်၊ သတိရတဲ့ တစ်ခါတစ်ခါ ဖြစ်ဖြစ် ရေထလောင်းပြီး အရွက်တွေ ငိုက်စိုက်ကျလာတာဟာ သူ့ဟာနဲ့ သူတော့ အချစ်နဲ့ နီးစပ် တာပဲ။
ခွက်ရဲ့ ရှေ့မှာ
ရေပိုက်ခေါင်းက ရေကျသံကြောင့်
ကိုယ်နိုးလာတဲ့ အခါ
ကိုယ့် ရှေ့မှာ သုံးပြီးသားကော်ဖီစစ်
စက္ကူတွေပဲ ရှိနေ
နောက်ထပ်ကမ္ဘာမှာ ရှိတဲ့ စိုက်ခင်းတစ်ခုဆီက
အသစ်တွေ
အတွင်းခံ
အတွင်းခံတွေအကြောင်း
စဉ်းစားရင်းနဲ့
မနေ့ညက ကောင်းကောင်း
အိပ်မပျော်ဘူး
အတွင်းခံတွေ
အကြောင်း
ဒြပ်မဲ့ဆန်ဆန်
အချိန်ယူ စဉ်းစားဖူးလား
ကျနော် ဘာကြောင့် လေယာဉ်ပျံ မဟုတ်
ကျနော်က လေယာဉ်ပျံ မဟုတ်ဘူး၊ မီးရထားပဲ
ဘာလို့လဲ ၊ ကျနော့်ကိုယ် ကျနော်
လေယာဉ်ပျံဖြစ်သင့်တယ် ထင်နေတာ
ဘာလို့လဲ ၊ ကျနော့်ကိုယ် ကျနော်
လေယာဉ်ပျံဖြစ်သင့်တယ် ထင်နေတာ
#SceneX
ကလေးမလေးက ကတ်ထူဘူးကို ဆွဲ အဖွင့် ၊
ဘူးထဲက လူဦးခေါင်းပြတ်တွေ မိုးပျံပူဖောင်းတွေလို အစီအရီ ပျံတက်လာ။
ခေါင်းတိုင်းမှာ ပြုံးနေတဲ့ မျက်နှာနဲ့။
ခေါင်းနဲ့ ဘူး ခွံကို ချိတ်ဆက်ထားတဲ့ ကြိုးတွေမှာ အနီရောင်ဟာ ဆွေးထင်းနေ ။ ။
ဘူးထဲက လူဦးခေါင်းပြတ်တွေ မိုးပျံပူဖောင်းတွေလို အစီအရီ ပျံတက်လာ။
ခေါင်းတိုင်းမှာ ပြုံးနေတဲ့ မျက်နှာနဲ့။
ခေါင်းနဲ့ ဘူး ခွံကို ချိတ်ဆက်ထားတဲ့ ကြိုးတွေမှာ အနီရောင်ဟာ ဆွေးထင်းနေ ။ ။
သစ်သီးနေ့
အပျံသင်ချိန်မှာ ဆိုရမယ့် သီချင်းလို့
ဘဝကို ရိုးစင်းစေခိုင်းထားတဲ့ ရူးသွပ်မှု
ဘဝကို ရိုးစင်းစေခိုင်းထားတဲ့ ရူးသွပ်မှု
Subscribe to:
Posts (Atom)