Saturday, January 23, 2016

Fairy Tales.

Fairy Tale.

နောက်ဆုံးတော့ အချိန် ကျ ပြီ
ကျွန်မ
တို့ မွေးထားတဲ့
မွန်းစတားတွေ အရွယ်ရောက်လာပြီး


ကျွန်မတို့နဲ့ အတူကစားတယ်
အယူသီးမှုနဲ့ ကြေကွဲမှုဟာ
မြို့ကို ထုပ်ပိုးထားတယ်

မေးခွန်းကို ဖြေမယ့် အစား
ကြည့်မှန်ဟာ အစိတ်စိတ် အမွှာမွှာကွဲသွားပြီး
ပြတင်းပေါက် တစ်ချပ်ဖြစ်လာတယ်
လမ်းသွားလမ်းလာတွေကို မြင်နေရပေမယ့်

တစ်ခုခု အော်ပြောခွင့်မရှိ။
မေ့ဖျောက်ခံထားရသူ ကြယ်တွေဟာ
မကျေနပ်စိတ်နဲ့ ကွယ်လွန်သွားပြီး
တစ္ဆေတွေ ဖြစ်လာတယ်
မြို့ရဲ့ လမ်းပေါ်အပြည့် တစ္ဆေတွေ။

ကျန်ခဲ့တဲ့ ဖိနပ်တစ်ဖက်ကို ကြည့်ပြီး ငိုမလား
နောက်တစ်ဖက်အကြောင်း တွေးရင်း
ရယ်မလား ဆိုတာ

တချို့အချိန်တွေမှာ သေရေးရှင်ရေးပဲ
ဒါပေမယ့် ကျွန်မတစ်ယောက်တည်း
မဟုတ်ဘူး ကျွန်မသိတယ်
ပြီးတော့

ဒီ အသိဟာ အမြဲ လုံလောက်တယ်လေ ။ ။


ညွှန်း ။ ။ " Fires at Midnight " by "Blackmore 's Night"




Fairy Tale. (2)

မျိုးဆက်တစ်ခုနဲ့ တစ်ခုကြား
လက်ဆင့်ကမ်းဖို့ မပျက်ကွက်ခဲ့တဲ့

အထီးကျန်မှု။ ဝှက်စာတွေ
အဓိပ္ပာယ်ဖော်နေတုန်းမှာ
စစ်ဟာ အကြိမ်ကြိမ် အခါခါ

ပြီးသွား၊အဲဒီနောက် တစ်ယောက်ကို
တစ်ယောက် ပစ်ပေါက်ခဲ့တဲ့

အကွာ

အဝေးတွေ။ 

စွန်ကြိုးဟာ
မြို့ကို လွှင့်တင်နေတယ်။
ခ်ိတ္ထားတဲ့ သံခ်ပ္ကာ အက်ႌေတြ
လေထဲ လွင့်နေတယ်။ ။

Fairy Tale (3)

သေခြင်းတရားနဲ့ ယုံတမ်းပုံပြင်တို့ဟာ
ကျွန်မတို့အပေါ် ဆေးဘက်ဝင်ခဲ့တယ်။
အပြန်လမ်းတွေမှာ အရောင်မရှိပေမယ့်
အဓိပ္ပာယ်ဟာ

အစွယ်တမြမြ ဖြစ်တယ်။ ဖြစ်ခဲ့တယ်။

ငယ်ငယ်တုန်းက ခုလို နေဝင်ချိန်မျိုးမှာပဲ
အဆိုအမိန့်တစ်ခုခုဟာ မြို့ထဲ ဝင်လာပြီး
ကြည့်မှန်တွေ အားလုံးကို သိမ်းယူသွားတယ်။

အဲဒီနောက်ပိုင်းကတော့
အခု မြင်နေရတဲ့ ဘဝပဲ ။ ။



Fairy Tale. (4) [အဓိပ္ပာယ်ဖွင့်ဆိုချက်များ]

မှတ်ဉာဏ် လို့ ဆိုလာရင် ရေအောက်ထဲ
တစ်ယောက်ယောက်နစ်မြုပ်ရုန်းကန်နေသလို တပွက်ပွက်ဆူညံနေတဲ့
ရေမြုပ်တွေ ဖြစ်တယ်

အချိန်ကာလ ဟာ အဝေးတစ်နေရာဆီက ပြန်လှည့်ကြည့်ကြတဲ့အခါ
တစ်ယောက်ကို တစ်ယောက် မမြင်နိုင်အောင် ကြားခံထားတဲ့
ခုတ်မောင်းနေ ရထားရှည် တစ်စီးဖြစ်တယ်
 နေ့ရက်တွေဟာ သေကြောင်းကြံဖို့ အလှည့်ကျတန်းစီနေတဲ့
စားပွဲအစွန်က ဝိုင်ခွက်တွေ ဖြစ်တယ်

" ပိုမိုကောင်းမွန်သော " ဟာ တွဲဆက်စရာ နာမ်တစ်ခုခုကို
လိုက်လံရှာဖွေနေရင်း အိုမင်းလာတဲ့ နာမဝိသေသန ဖြစ်တယ်

 ပျော်ရွှင်ရတဲ့ အကြောင်းတွေ ပြောတဲ့အခါ
ကြက်ကြော်ဆိုင်ပိုစတာထဲက ပြုံးနေတဲ့ ကြက်ရုပ်ကြီး ဖြစ်တယ်

နီဆွေးမှုဟာ ထိခိုက်နစ်နာစရာဇာတ်ကွက်တွေ သရုပ်ဆောင်ရတဲ့ အခါ
နေရောင်ခြည်နေရာက အစားဝင်ရသူ ဖြစ်တယ် ။ ။


Fairy Tale (5)

လမ်းမှာ ဘာသံပဲ ကြားကြား
နောက်​ပြန်​လှည့်​မကြည့်​ဖို့
အသံက မှာလိုက်​တယ်

သိချင်​စိတ်​နဲ့ အ​ကြောက်​တရားကပဲ
ကျန်​တဲ့ တစ်​လမ်းလုံးကို ဖန်​တီးသွား​တော့မှာ ...

တကယ်​ ဆိုတာ​တွေ တကယ်​ရှိခဲ့တယ်
မီးပုံးနီနီ​တွေ ​​အောက်​ ​ရောက်​တိုင်း
အနာဂတ်​​ဟောကိန်း​တွေအ​ပေါ်
ယုံကြည်​စိတ်ကို ပြန်​ရခဲ့တယ်

အနည်းဆုံး​တော့
အဓိပ္ပာယ်​ တစ်​ခုခုကို ပြုလုပ်​ဖို့
ကိုယ်​တို့​တွေ မွေးဖွားလာခဲ့တယ်​ ဆိုတာမျိုး...

တံတား​ပေါ်မှာ ​ကျော​ပေးထားတဲ့
တစ်​​ယောက်​​ယောက်​ ...
တစ်​ခုခု ဖြစ်​လာမှာကို
အမြဲ​စောင့်​​နေခဲ့ရတဲ့ ပုံစံနဲ့ ။ ။

Fairy Tale (6)

ခေါင်းဖြတ်​စက်​​အတွင်း
ကျော့ရှင်းလင်းလဲ့နေ​သော ​နေ​ရောင်​ခြည်

သွေးခုန်​နှုန်းမှသည်
အ​ကြောက်​တရား

အ​ကြောက်​တရားမှသည်
မြင်​ခြင်းမမြင်​ခြင်း

မြင်​ခြင်းမမြင်​ခြင်းမှသည်

အရိပ်​၏ လက်​တစ်​ဖက်​မှ ကိုင်​​မြှောက်​ပြထားသည့်
ယင်း၏ ဦး​ခေါင်းပြတ်​သည်​ ​နေ​ရောင်​ထဲ ယိမ်းနွဲ့ရင်း ...

တစ်​ခါက နဂါးဆိုးကြီးတစ်​​ကောင်​ကို နှိမ်​နင်းဖို့ သွားတဲ့ သူရဲ​ကောင်း တစ်​​ယောက်​ ရှိခဲ့တယ်​ ။ ပုံပြင်​ရဲ့ ​ကြေကွဲစရာ အပိုင်းလည်း ရှိခဲ့တယ်​။ အဲဒီ အပိုင်းမှာ သူရဲ​ကောင်းက ​သေသွားတာ မဟုတ်​ဘူး။ ပုံပြင်​ရဲ့ အဆုံးမှာ နဂါးကြီးကို သတ်​နိုင်​လိုက်​​ပေမယ့်​ သူကိုယ်​တိုင်​ဟာ နဂါးကြီးတစ်​​ကောင်​ဖြစ်​​လာ​နေမှန်း တစတစ မြင်​​တွေ့​နေလိုက်​ရတာပဲ ။ ။

Fairy Tale (7)

ကြောင်​​တွေ ​သေလိုက်​ရှင်​လိုက်​ ဖြစ်​​နေတဲ့ ကမ္ဘာပဲ

ဇာတ်​လမ်းအစမှာ
လူတစ်​​ယောက်​ လမ်း​လျှောက်​သွား​နေရင်းနဲ့
လမ်းမှာပဲ ​ပျောက်​သွားတယ်

ရွာတဲ့ မိုးဟာ ​မေးခွန်း​တွေကိုသာ ​မေးပြီး
အ​ဖြေကို မ​ပေးခဲ့
ရေ​တွေဟာ ​တွေ​ဝေစွာ နှစ်​ခြမ်းကွဲသွားခဲ့​ပေမယ့်
ဘာ အဓိပ္ပာယ်​မှ ​ဖြတ်​နင်းပြီး ရောက်​မလာခဲ့

မိုး​ရေထဲမှာ ​ကြောင်​​တွေသာ
တစ်​​ကောင်​ပြီး တစ်​​ကောင်​ အ​ငွေ့ပျံ 
လွင့်​​ထွက်​ သွားကြတယ်
အရင်​ဆုံးအ​နေနဲ့ ခင်​ဗျားကိုယ်​ ခင်​ဗျား တစ်​​နေရာရာက ပြန်​လာခဲ့ပြီး၊ သိကျွမ်းခင်​မင်​သူ​တွေ​ ​သေလွန်​ပြီး မျိုးဆက်​သုံး​လေးဆက်​အကြာ အချိန်​ကာလကို ​ရောက်​​နေတယ်​ဆိုတဲ့ ခံစားချက်​မျိုး ​မွေးယူ​နေမိတဲ့ အကျင့်​ကို ​ ​ဖျောက်​ရမယ်​လို့ တစ်​​ယောက်​​ယောက်​က ​ပြော​နေတယ်​။ သိလား လို့ သူက ​ဆက်​​မေး​နေတယ်​။ ။
Fairy Tale (8)


သူတို့ ဘယ်​က လာလို့ လာမှန်း
ဘယ်​သူမှ မသိ
ငိုစရာ ရှိရင်​​တော့
မိုး​ပေါ်ကို ​မော့​မော့ကြည့်​ပြီး ငိုကြတယ်

စွတ်​စို​နေတဲ့ အချိန်​ကာလဟာ
တိုက်​​လေထဲ အမာရွတ်​​တွေ စွဲထင်​​စေခဲ့တယ်

ပုံပြင်​တစ်​ခုရဲ့ သင်​ခန်းစာက
နောက်​ပုံပြင်​တစ်​ခုမှာ အားနည်းချက်
ပြန်​ဖြစ်​​နေတာမျိုး
လက်​ဆွဲနှုတ်​ဆက်​ဖို့ လိုအပ်​လို့
လက်​တစ်​ဖက်​ကို ဖြတ်​ပြီး
ကမ်း​ပေးလိုက်​ရတယ်​ ဆိုတာမျိုး 

ည သန်းခေါင်​​ရောက်​တဲ့အခါ ကျာပွတ်​လို အသိစိတ်​နဲ့ ကျိန်​စာ​တွေ အသက်​ဝင်​လာမယ်​ ။ တစ်​​ယောက်​​ကျောမှာ တခြားတစ်​​ယောက်​လက်​ချက်​နဲ့ အရှိုးရာ​တွေကို ​နေ့ဘက်​အတွက်​ ထားခဲ့မယ်​။ မိုးကို ကြည့်​မယ်​၊ ငိုမယ်

နောက်​တစ်​ည ​ရောက်​လည်း
အမြဲ ဒီ အတိုင်း ဒီ အတိုင်း ပဲ ။ ။  

Fairy Tale (9)
 
အတိတ်​ကို နှစ်​ပိုင်းခွဲခြမ်းပြီး
တစ်​ခုက​နေ ကျန်​တဲ့ တစ်​ခုဆီ
ပြန်​​ငေးကြည့်​​နေရတဲ့ အနှစ်​သာရ

မိုးစက်​လက်​ လက်​​ချောင်း​တွေနဲ့ 
နေ့​နေ့ညည

ကိုယ်​ဟာ တိကျသူ ဖြစ်​ခဲ့တယ်

မေ့​လျော့ခြင်းနဲ့ အဆင်းသဏ္ဏာန်​တူတဲ့
ကိုယ်​​ရောင်​ကိုယ်​ဝါ
နောက်
အိမ်​ပြန်​ချိန်​​ရောက်​​တော့မှာ လို့
အဓိပ္ပာယ်​ရတဲ့ အနံ့အရသာ

ဒါ​တွေကို
ပြောပြဖို့ ရည်​ရွယ်​ခဲ့ဟန်​ မတူပါဘူး တဲ့။ ။


Fairy Tale (10)

ရှေ့ဖြစ်​​ဟော ဖလားထဲ ငုံ့ကြည့်​တိုင်း
ပိုးဟပ်​​ခြေ​ထောက်​ တစ်​​ချောင်း
ပေါ​လော​ပေါ်​နေတယ်
ဒီထက်​ပို တိတ်​ဆိတ်​နိုင်​ခဲ့ရင်​ 
ကျောရိုးဆစ်​တ​လျှောက်​မှာ 

ပန်း​တွေ ပွင့်​လာမယ်​လို့ 
သိလိုက်​ရ​တော့ ည တံခါးပိတ်​ချိန်​၊
ဒီထက်​လည်း မတတ်​ခဲ့နိုင်

ဘယ်​​တော့မှ ပြန်​မလာတဲ့ မိသားစုဝင်​တိုင်းအတွက်
ပုံပြင်​တစ်​ခုစီ ရှိပြီး ပုံပြင်​တိုင်းမှာ
ကိုက်​ခံထားရတဲ့ သွားရာ​တွေနဲ့၊
ရေထဲက ငါးတစ်​​ကောင်​စီတိုင်းဟာလည်း
လူ့ကံကြမ္မာနဲ့ ဆက်​စပ်​​နေခဲ့ပါတယ်

အချိန်​ကာလဟာ
ရွေးချယ်​စရာ​တွေ​ပေးတယ်
မြင်​​နေရတာ​တွေကို ယုံမလား
ဒါမှမဟုတ်

မယုံကြည်​တာ​တွေကို
မြင်​ချင်​လား ဆိုတာမျိုး

မနက်​ အရုဏ်​မတက်​ခင် ​ရောက်​လာတဲ့
ဟာသဟာ ဝတ်​ရုံဖြူကို ဝတ်​ထားပြီး
ပါးဟပ်​နဲ့ အသက်​ရှူတယ်
ပြီး​တော့
သူ့ကိုယ်​သူ ​ကြေကွဲစရာပါလို့
အတင်းမိတ်​ဆက်​​နေတယ်​ ။ ။
Fairy Tale (11)

ဖန်​ဆင်းသူရဲ့ ​မေ့​လျော့​နေမှု​တွေက​နေ
မြို့တစ်​မြို့ ဖြစ်​လာတယ်
ဘယ်​မြို့ မဆို ဖြစ်​လို့ ရတဲ့ မြို့၊ မြို့တစ်​မြို့

အစ က မျက်​လုံးနှုတ်​ခမ်းသား တ​လျှောက်
မျက်​​တောင်​​တွေ၊ ​နောက်​ ​ဖြောင့်​တန်းလာပြီးတဲ့ အခါ
စိုက်​ဝင်​​နေ​သော ပင်​အပ်ရှည်​ရှည်​၊ အဲဒီက​နေ
သစ်​ပင်​​တွေနဲ့ ​တောအုပ်​၊ ​တောအုပ်​ဟာ
အရည်​​ပျော်​ အ​ငွေ့ပျံသွားတယ်​ 
 
ပုံ​ပြောသူဟာ ဒီ​နေရာမှာ ခဏဆိုင်းငံ့လို့
လူအုပ်​ကို ​ဝေ့ကြည့်​တယ်

နား​ထောင်​သူ​တွေ
မျက်​နှာလွှဲရင်း အချင်းချင်း ပြန်​​ငေးမိ
အပြစ်​ရှိထားသလို ခံစား​နေရတယ်

မလွှဲ​ရှောင်​သာတဲ့ ​နေ့ရက်​​တွေပါပဲ

မြို့ဟာ သူတို့​ကိုယ်​စား
ပို ကျယ်​​လောင်​လာတယ်​ ။ ။

Fairy Tale (12)

မိုးတဖွဲဖွဲရွာတဲ့ ည​နေ​တွေမှာ
ပုံပြင်​​တွေဟာ လူ​ယောင်​ဖန်​ဆင်းနိုင်​စွမ်းရှိတယ်​လို့
တချို့ ကျမ်းဂန်​​တွေက ဆိုပါတယ်

အဲဒီည​နေက ပုံ​ပြောဆရာ လူနဲ့
လူ ခဏ ဖြစ်​​နေတဲ့ သူ့ ပုံပြင်​ တပုဒ်
လမ်းမှာ ဆုံမိကြတယ်

ပုံပြင်​က ပြုံး ပြပြီး လမ်း​ဆက်​​လျှောက်​သွား
ပုံပြင်​ဆရာက သူ မမှတ်​မိတဲ့
အသိတ​ယောက်​​ယောက်​လား
ဆက်​စဉ်းစားရင်း ကျန်​ခဲ့ ။ ။

Fairy Tale (13)

ကိုယ့်​မှာ ရှိတဲ့ အ​ကြောက်​တရားကို
နံရံ​တွေ တချပ်​ပြီး တချပ်​ ချ​ကျွေး​နေမိတယ်
နောက်​ဆုံးအကြိမ်​ ခွင့်​လွှတ်​ခံရဖို့ ​တောင်းဆိုရတာ​ရော
အ​တောင်းဆိုခံရတာ​ရောဟာ ဒင်္ဂါးတပြားရဲ့ ​ခေါင်းနဲ့ ပန်း

ဆိုတာလည်း လူ​ပြောသူ​ပြောများခဲ့ပြီး မဟုတ်​လား
အ​ရေပြားဟာ အ​ရည်​​ပျော်​ပြီး ပါးလာ၊
နံရံ​တွေရဲ့ နားရွက်​သာ ပါ​ပေမယ့်​ အမြင်​မဲ့မှုကိုလည်း
ကိုယ်​ချင်းစာခဲ့နိုင်​ပြီလို့ ထင်​​ယောင်​မှားတလှည့်
ယုံကြည်​တလှည့်​ ဖြစ်​လာမယ်

ဘဝကို ဘယ်​သူမှ မပိုင်​ဘူး
လက်​​တွေအလုံအ​လောက်​ဆန့်​တန်းနိုင်​တဲ့ အခါ
တစ်​ဖက်​မှာ ကြယ်​​စင်​ကြယ်​စု​တွေ ​ရောက်​လာမယ်
ခြေ​ထောက်​ကို အလုံ​အ​လောက်​ ပြန်​ဆုတ်​နိုင်​ခဲ့ရင်
ဆု​တောင်းအမှား​တွေကို third person view နဲ့
မြင်​ရမယ်
ကိုယ်​တို့ရဲ့ အူကလီစာမိုးကုပ်​စက်​ဝိုင်းကို
ဘိုး​ဘေးဘီဘင်​​တွေဆီက ရတယ်
ကိုယ်​တို့ရဲ့ ယုံကြည်​ရာလက်​သည်း​ခြေသည်း​တွေ
မြေဆွဲအားဆီ ထားခဲ့ရမယ်
ကိုယ်​တို့ရဲ့ နံရံ၊ အ​ရေပြားနဲ့
အ​ကြောက်​တရား​တွေကို​တော့
နောက်​လူ​တွေ အဆင်​​ပြေသလို သုံးစွဲနိုင်​ဖို့ပဲ
မျှော်​လင့်​တယ်
တကယ်​တမ်း
ဘဝကလည်း ဘယ်​သူ့ကိုမှ မပိုင်​ခဲ့ပါဘူး ။ ။

- ​ဏေသစ်






No comments:

Post a Comment