Thursday, June 4, 2015

အချစ်ကဗျာ

"အချစ်ကဗျာ"


အဖြူအမည်း ရုပ်ရှင်တွေထဲမှာတော့
အနာဂတ်အကြောင်း စိတ်ကူးယဉ်ခန်းကို
ကာလာရောင်စုံနဲ့ မပြကြဘူး။

မင်းအတွက် ငါ
ပေးသမျှ အရာအားလုံးရဲ့
တစ်ဝက်ဟာ ပျော်ရွှင်မှုတွေ
ဖြစ်ပြီး ကျန်တဲ့တစ်ဝက်ကတော့

'ငါ စစ်စစ်'တွေပဲ ဖြစ်တယ်။
မြက်ခင်းစိမ်းတွေရဲ့
အခြားသော အရပ်မှာ
'ပို၍ စိမ်းလန်းသော'ဟာ အရောင်အဝါ

တစ်ခုခုနဲ့ ရောက်နှင့်နေမှာပဲ။
ချားရဟတ်ပေါ်က ငါတို့
အတူတူ ဆင်းလိုက်ကြတယ်။

ဆုတောင်းတွေ
ဆက် လည်ပတ်နေပါလိမ့်မယ်။ ။

- ဏေသစ်

No comments:

Post a Comment