Thursday, June 4, 2015

အိပ်ပျော်သွားတော့လည်း အိပ်မရတဲ့ အကြောင်းကိုပဲ အိပ်မက် မက်တယ်

လောလောဆယ်လုပ်ရမှာက အခု သီချင်းတစ်ပုဒ်ဆုံးရင် အနီးဆုံးမှတ်တိုင်မှာ ဆင်းဖို့ ပဲ ။
“ နေစမ်းပါဦးရှင်က ကျွန်မကို ဘာလို့ တောင်းပန်နေရတာလဲ “ အမေးခံရမှပဲ ကိုယ့်ကိုယ်ကို သတိဝင်လာတယ်။ “ ဟင့်အင်း မသိဘူး “  လှည့်ထွက်လာခဲ့တယ် ။အသံတစ်ခုခု ကြားရတိုင်း ကိုယ့်ကို တစ်ယောက်ယောက်လှမ်းခေါ်နေသလား ရုပ်ပျက်ဆင်းပျက်လှည့်ကြည့်ဖြစ်တယ်။ဘယ်သူမှကိုယ့်ကို မခေါ်စေချင်ဘူး ။ ပျော်စရာတစ်ခုခုနဲ့  နဖူးတွေ့ဒူးတွေ့ တွေ့လိုက်တဲ့ ခံစားချက်နဲ့ ဟေးခနဲ အကျယ်ကြီး အော်ပစ်လိုက်ချင်တယ် ။ ဒါပေမယ့် တကယ်တမ်း မပျော်ချင်ဘူး ။ ကြယ်ကြွေလို့ ဆုတောင်းပြည့်ကြေးဆိုရင်တောင် အဲဒီကြယ် သူ့ နေရာသူ ပြန်ရောက်သွားဖို့ကိုပဲ ဆုတောင်းမိမှာ။
အခု ကားလမ်း ကူးနေရင်း ကားတစ်စီးစီး အရှိန်ပြင်းပြင်းဝင်တိုက်လို့  လွင့်ထွက်သွားမယ့်ကိုယ့်ကိုယ်ကို မြင်ယောင်ကြည့်ရတဲ့ အရသာ ။ မသိတဲ့ လူတွေနဲ့  ဓာတ်လှေကားပျက်တစ်ခုထဲပိတ်မိနေသလို ရပ်ထဲရွာထဲ မြို့ ပြတိုက်တာ အိမ်ရာလမ်းပန်းတွေ ကြားထဲ ။ ညက တစ်ညလုံး ကိုက်ထား၊အိပ်မရအောင် တဝီဝီအော်ထားတဲ့ ခြင် ၊ ခေါက်သိမ်းထားတဲ့ ခြင်ထောင်ထဲ တလူးလူးတလွန့် လွန့် ပိတ်မိနေတာကို စိမ်ပြေနပြေထိုင်ငေးနေဖြစ်တယ်။ဂန္ဒီမျက်မှန် တပ်ပြီး ဟစ်တလာ နှုတ်ခမ်းမွှေးထားချင်နေတာ ။ဟိုတစ်ယောက် ကြွားလုံးထုတ်တဲ့အခါ အဟုတ် အထင်ကြီး ၊ ယုတ္တိရှိရှိ အံ့အားသင့်ပြချင်တာ။ မပေးဖြစ်တဲ့ လက်စွပ်တစ်ကွင်းထဲကနေပြီး သူမကို အပြင်လောကဆီ ရဲရဲဝံ့ဝံ့ ယုံယုံကြည်ကြည် ချောင်းကြည့်စေချင်တာ . ချစ်သူ ဖြစ်လာတဲ့အချိန် ကျွန်းလေးတစ်ကျွန်းကို အပိုင်ဝယ်ပြီး စိတ်ညစ်လာရင် တစ်ယောက်တည်းသွားထိုင်နေချင်တာ ။ သူများတွေ လုပ်သလိုမျိုး  အစက်အနည်းအကျဉ်းချ … … … ချင်တာ ။ ။

- ဏေသစ်

No comments:

Post a Comment