"အမည်မသိ ပြတင်းပေါက်များ"
အမှောင်ထဲကို မမြင်ရပေမယ့်
အမှောင်ကို မြင်ရတယ်။ ခုတလော
အိမ်က ကြောင် ငါ့ကို ကြည့်နေတဲ့ပုံစံက
ငါ့ ဘေးမှာ တစ်ယောက်ယောက်
မှတ်ဉာဏ်က ဘယ်တော့မှ မသေဘူး
သတိမကောင်းတော့တဲ့ အဖွားက
သေပြီးသားလူတွေနဲ့ ငါတို့ကို နာမည်မှားမှားခေါ်တယ်
အိပ်ရာဝင်ခါနီးတိုင်း မှန်ကြည့်တဲ့ လူတွေ
သေတဲ့အခါ ကောင်းရာသုဂတိလားတယ်လို့
ငယ်ငယ်တုန်းက ငါ့ကို
သူတို့ ပြောပြတယ်
ငါ ကြီးလာတော့ ဆောက်လက်စ တိုက်တွေရဲ့
မိုးပေါ် ထောင်တက်နေတဲ့ သံချောင်းတွေကို
ရပ် ငေး နေဖြစ်တယ်
.......................
နောက်ပိုင်းမှာတော့
ဘူတာရုံရဲ့ မှန်ကွဲစတွေထဲမှာ
သူ့ကိုယ်သူ ပြန်တွေ့တယ်။ ။
- ဏေသစ်
No comments:
Post a Comment